မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်

June 26, 2015

ဆိုးလ်တွင် မြောက်ကိုရီးယား ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကျင်းပ

တောင်ကိုရီးယား ဆန္ဒပြသူ အယောက် ၁၀၀ လောက်ဟာ ဇွန် ၂၅ ရက်နေ့က ကိုရီးယားစစ်ပွဲစတင်ခဲ့မှု ၆၅ နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် မြို့တော်ဆိုးလ်မှာ မြောက်ကိုရီးယား ဆန့်ကျင်ရေး စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ ဆိုးလ်မြို့လယ်မှာ စုရုံးခဲ့တဲ့ ရာနဲချီတဲ့ ဆန္ဒပြသူတွေဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ပုံတူအရုပ်ကို ပုဆိန်နဲ့ ခုတ်ခဲ့ကြပါတယ်။ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ မြောက်ကိုရီးယားနိုင်ငံအလံနဲ့ ခေါင်းဆောင် ကင်ရဲ့ ရုပ်ပုံကိုပါ ခုတ်ပိုင်း လှီးခဲ့ကြပါတယ်။ ဆန္ဒပြခေါင်းဆောင် ပတ်ခ်ချန်ဆန်းက “ကွယ်လွန်သူ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်ကြီး ကင်အီဆွန်းက တောင်ကိုရီးယားနိုင်ငံကို ကျူးကျော်ခဲ့တာ ၆၅ နှစ်ရှိခဲ့ပြီ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းက မြောက်ကိုရီးယားနိုင်ငံကို တိုက်ခိုက်ခဲ့ပြီး ဒီနေ့ လွတ်မြောက်တဲ့ ကိုရီးယားသမ္မတနိုင်ငံကို ထူထောင်ခဲ့တာ။” လို့ ပြောပါတယ်။ ကွန်မြူနစ် မြောက်ကိုရီးယားတပ်တွေက တောင်ကိုရီးယားကို ရုတ်တရက် တိုက်ခိုက်ခဲ့လို့ ကိုရီးယားစစ်ပွဲဟာ ၁၉၅၀ ဇွန် ၂၅ ရက်နေ့မှာ စတင်ခဲ့တာပါ။ မြောက်ကိုရီးယားကို တရုတ်နဲ့ ဆိုဗီယက်တို့က ကျောထောက်နောက်ခံ ပေးထားပြီး အမေရိကန် ဦးဆောင်တဲ့ ကုလသမဂ္ဂတပ်က တောင်ကိုရီးယားဘက်ကနေ ၀င်ရောက် တိုက်ခိုက်ပေးခဲ့လို့ စစ်သားနဲ့ အရပ်သား ၃ သန်း သေဆုံးပြီး လူ ၅ သန်း ဒုက္ခသည် ဖြစ်ခဲ့ရပါတယ်။ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံဟာ ၁၉၅၃ ခုနှစ်မှာ အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ် မချုပ်ရသေးတာကြောင့် သဘောတရားအရ စစ်ပွဲ ဖြစ်ပွားနေဆဲပါ။ ကိုရီးယား ၂ နိုင်ငံလုံးက ၃၈ မျဉ်းပြိုင်နယ်စပ်တလျှောက် တဘက်တချက်မှာ စစ်သည်အင်အား ၁ သန်းလောက် ချထားခဲ့လို့ နယ်စပ်မျဉ်းဟာ ကမ္ဘာ့စစ်တပ် အများဆုံး တပ်ချရာ နယ်စပ်တွေထဲကတခု ဖြစ်လာပါတယ်။ ဆင်းရဲပြီး အထီးကျန်တဲ့ မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တောင်ကိုရီးယားကို မီးပင်လယ်ထဲမှာ ဖျက်ဆီးပစ်မယ်လို့ ပုံမှန် ခြိမ်းခြောက်လေ့ရှိပါတယ်။
6 years Ago

နိုင်ငံတကာလေဆိပ်သစ် မြောက်ကိုရီးယား ခေါင်းဆောင်နှင့်ဇနီး ကြည့်ရှု

မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံးယမ်းမှာ နိုင်ငံတကာလေဆိပ်သစ်ကို ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ဇနီးတို့ သွားရောက် ကြည့်ရှုတဲ့ဓာတ်ပုံတွေ နိုင်ငံပိုင် ကေအာရ်တီရုပ်သံမှာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ လေဆိပ်သစ်ကို ဇူလိုင် ၁ ရက်နေ့မှာ ဖွင့်လှစ်မှာ ဖြစ်ပေမယ့် ကင်ဂျုံအန်းနဲ့ ဇနီးတို့ ဘယ်အချိန်က သွားရောက်ကြည့်ရှုတယ်ဆိုတာကိုတော့ သတင်းမှာ မဖော်ပြပါဘူး။ လေဆိပ်မှာ အနောက်နိုင်ငံထုတ် အဆင့်မြင့်ကုန်ပစ္စည်းအမျိုးမျိုးကို အကောက်ခွန်လွတ်ဆိုင်တွေမှာ _83846837_hi027872209တင်ထားပုံတွေကို တွေ့ရပါတယ်။ လက်ရှိခေါင်းဆောင် ကင်ဂျုံအန်း ၂၀၁၁ ခုနှစ်က တက်လာခဲ့ပြီးကတည်းက နိုင်ငံမှာ လူနေမှုအဆင့်အတန်းမြှင့်တင်ဖို့ ကတိပြုခဲ့ပြီး အဆင့်မြင့် နှင်းလျှောစီးစခန်းတွေ၊ ရေကူးကန်ပန်းခြံတွေ၊ မြင်းစီးကွင်းပြင်တွေ ဖွင့်လှစ်ပေးခဲ့ပေမယ့် လက်တွေ့မှာတော့ သာမန် မြောက်ကိုရီးယားပြည်သူတွေ အနား မကပ်နိုင်ခဲ့ပါဘူး။ ပြည်သူအများစုဟာ သောက်သုံးရေနဲ့ စားနပ်ရိက္ခာ ပြတ်လပ်နေကြပြီး လျှပ်စီးမီးလည်း မရရှိကြပါဘူး။ လေယာဉ်ခရီးစဉ် အနည်းအပါးပဲ ရှိပေမယ့် အများစုကတော့ မြို့တော် ပြုံးယမ်းနဲ့ တရုတ်နိုင်ငံ ပီကင်းမြို့တော်အကြား ကမ္ဘာလှည့်ခရီးသည်တွေနဲ့ မြောက်ကိုရီးယားအစိုးရ အာဏာပိုင်တွေရဲ့ ခရီးစဉ်တွေပဲ ဖြစ်ကြပါတယ်။ မြောက်ကိုရီးယားနိုင်ငံကတော့ နိုင်ငံထဲ ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုကို တရားဝင် ထုတ်ဖော်ပြောဆိုတာတော့ မရှိပေမယ့် ခရီးသွားအေဂျင်စီတွေရဲ့ ခန့်မှန်းချက်တွေအရ ၁ နှစ်ကို ၆၀၀၀ လောက် ၀င်ထွက်မယ်လို့ ဆိုကြပြီး အများစုကတော့ အိမ်နီးချင်းလည်းဖြစ်၊ အဓိက မဟာမိတ်နိုင်ငံလည်းဖြစ်တဲ့ တရုတ်နိုင်ငံက ဖြစ်ပါတယ်။ ပြီးခဲ့နှစ်က အီဘိုလာရောဂါ ကူးစက်ခံရမှာကို စိုးရိမ်ပြီး နယ်စပ်တွေကို ပိတ်ခဲ့တာကြောင့် ကမ္ဘာလှည့် ခရီးသည်ဝင်ရောက်မှု ပိုကျဆင်းခဲ့ပါတယ်။
6 years Ago

June 6, 2015

နျူးကလီးယားအရေး ဆွေးနွေးရန် မြောက်ကိုရီးယားကို တောင်ကိုရီးယား တိုက်တွန်း

တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေးက ကျွန်းဆွယ်တွင်း ငြိမ်းချမ်းရေးနဲ့ နျူကလီးယား အရေးအတွက် ပြန်ဆွေးနွေးဖို့ မြောက်ကိုရီးယားနိုင်ငံကို ဇွန်လ ၆ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။ နျူကလီးယား အစီအစဉ်နဲ့ တာဝေးပစ်ဒုံးကျည်တွေကို ဆက်ထုတ်နေပြီး လတ်တလောမှာ ရေငုပ်သင်္ဘောကနေ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ရင်း မြောက်ကိုရီးယားဟာ နိုင်ငံတကာ လူ့အဖွဲ့အစည်းကို ထပ်ခါတလဲ ခြိမ်းခြောက်နေတယ်လို့ တောင်ကိုရီးယား သမ္မတက ပြောပါတယ်။ မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောမှာ တပ်ဆင်ရတဲ့ ပဲ့ထိန်းဒုံးကျည်ကို ရေအောက်မှာ စမ်းသပ် ပစ်လွှတ်မှု အောင်မြင်ခဲ့တယ်လို့ မေလ ၉ ရက်နေ့က ကြေညာခဲ့ပါသေးတယ်။ ဒါပေမယ့် အကဲခတ်တွေနဲ့ အမေရိကန်ရေတပ် အကြီးတန်း စစ်ဦးစီးမှူးတို့ကတော့ ရေငုပ်သင်္ဘောကနေ ဒုံးကျည်လွှတ်တင်တဲ့ မြောက်ကိုရီးယား ရုပ်သံဟာ အစိုးရဝါဒဖြန့်သူတွေရဲ့ ကိုင်တွယ်မှု ဖြစ်ကြောင်း၊ အထီးကျန် မြောက်ကိုရီးယားဟာ ဒီနည်းပညာကို တိုးတက်အောင်လုပ်ဖို့ နှစ်နဲ့ချီ အချိန်လိုသေးတယ်လို့ ပြောခဲ့ကြပါတယ်။ မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကြောင့် ကုလသမဂ္ဂနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကို ခံနေရပါတယ်။ မြောက်ကိုရီးယားကတော့ သူ့နိုင်ငံ လုံခြုံရေးအတွက် အချုပ်အခြာ အခွင့်အရေး ရှိတယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားဟာ စီးပွားရေးနဲ့ သံတမန်ရေး ဆုလာဘ်တွေအတွက် သူ့ရဲ့ နျူကလီးယား အစီအစဉ်နဲ့ တာဝေးပစ် ဒုံးကျည်စမ်းသပ်မှုတွေကို စွန့်လွှတ်ဖို့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား အမေရိကန်တို့နဲ့ သဘောတူထားတဲ့ ၆ နိုင်ငံ ဆွေးနွေးပွဲကနေ ၂၀၀၅ ခုနှစ်က ထွက်သွားခဲ့ပြီး အမေရိကန်ကို ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ၂၀၁၂ မှာ အမေရိကန်ရဲ့ စားနပ်ရိက္ခာ ထောက်ပံ့မယ်လို့ ကတိပေးထားတဲ့ သဘောတူစာချုပ်ကို လက်မှတ်ထိုးပြီး သီတင်းပတ်အတွင်းမှာပဲ မြောက်ကိုရီးယားဟာ သဘောတူညီချက်ကို ချိုးဖောက်ပြီး ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်မှု လုပ်ခဲ့ပါတယ်။
7 years Ago
Up