မြောက်ကိုရီးယားက ဒုံးကျည်အင်ဂျင်အသစ် ထပ်မံစမ်းသပ်

April 5, 2017

မြောက်ကိုရီးယားက ဒုံးကျည်ထပ်မံပစ်လွှတ်မှု ရန်လိုနှိုးဆွသည့်လုပ်ရပ်ဟု ဂျပန် ပြစ်တင်ဝေဖန်

မြောက်ကိုရီးယားဘက်က နောက်ထပ် တာဝေးပစ်ဒုံးကျည်တစင်း ထပ်မံပစ်လွှတ်ခဲ့တာ မှန်ကန်ကြောင်း ဂျပန်အစိုးရက အတည်ပြုပြောကြားလိုက်ပြီး ဒါဟာ ရန်လိုနှိုးဆွတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။ “ဒီနေ့မနက် ၆ နာရီ ၄၂ မိနစ်လောက်မှာ မြောက်ကိုရီးယား အရှေ့ဘက်ကမ်းခြေကနေ  ပစ်လွှတ်ခဲ့တဲ့ တာဝေးပစ်ဒုံးတစင်းဟာ ကီလိုမီတာ တော်တော်များများအထိသွားပြီး ဂျပန်ပင်လယ်ထဲကို ကျသွားခဲ့တယ်။ ကျနော်တို့တွက်ကြည့်လို့ရတဲ့ အဖြေအရ အဲဒီဒုံးကျည်ဟာ ကျနော်တို့ရဲ့ ပင်လယ်ပြင် အထူးစီးပွားရေးဇုန်ထဲကိုတော့ မရောက်ခဲ့ဘူး” လို့ ဂျပန်အစိုးရဝန်ကြီးအဖွဲ့ အတွင်းရေးမှူးက ပြောခဲ့ပါတယ်။ ဆက်လက်ပြီး သူက “မြောက်ကိုရီးယားရဲ့ အကြိမ်ကြိမ် ရန်စပစ်ခတ်နေတာကို သည်းမခံနိုင်ဘူး” လို့ ပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
5 years Ago

March 28, 2017

မြောက်ကိုရီးယားက ဒုံးကျည်အင်ဂျင်အသစ် ထပ်မံစမ်းသပ်

မြောက်ကိုရီးယားအစိုးရက နောက်ထပ် ဒုံးကျည်အင်ဂျင်အသစ်ကို စမ်းသပ်ခဲ့တယ်၊ ဒီအင်ဂျင်ဟာ ကမ္ဘာ့ကုန်းမကြီးတွေ၊ တိုက်ကြီးတွေကို ကျော်လွန်ပြီး ပဲ့ထိန်းပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်ကို တီထွင်ရေး မြောက်ကိုရီးယား အစီအစဉ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ယုံကြည်ကြောင်း မတ်လ ၂၇ ရက်နေ့မှာ ပြောပါတယ်။ ဒီလအစောပိုင်းကလည်း အလားတူ စမ်းသပ်မှုတရပ်ကို မြောက်ကိုရီးယားက လုပ်ခဲ့ပါသေးတယ်။ နီးကပ်တဲ့ အနာဂတ်မှာ မြောက်ကိုရီးယားဟာ နောက်ထပ် ဒုံးကျည်နဲ့ နျူကလီးယား စမ်းသပ်မှုတွေ ထပ်လုပ်မှာကို အမေရိကန်က စိုးရိမ်နေတာပါ။ မြောက်ကိုရီးယားအစိုးရက မတ်လ ၂၄ ရက်နေ့မှာ စမ်းသပ်ခဲ့တာဖြစ်ပြီး ဒီအင်ဂျင်ဟာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) မှာ သုံးလို့ရနိုင်လောက်တယ်လို့ အမည်မဖော်တဲ့ အမေရိကန်အရာရှိ အတော်များများက ပြောပါတယ်။ မြောက်ကိုရီးယားဟာ ထုံးချန့်ယီ ဒုံးကျည်လွှတ်တင်ရေးစခန်းမှာ အဆင့်မြင့်အင်ဂျင်သစ်ကို စမ်းသပ်ခဲ့တယ်၊ ဒါဟာ ဒုံးကျည်လုပ်ငန်းရဲ့ မွေးဖွားမှုအသစ်တရပ်ပဲလို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ဒီလအစောပိုင်းမှာ ပြောခဲ့ပါတယ်။ ဒီအင်ဂျင်ဟာ ကမ္ဘာ့အဆင့်မီ ဂြိုဟ်တုလွှတ်တင်နိုင်စွမ်းရှိတယ်လို့ မြောက်ကိုရီးယားအစိုးရ မီဒီယာက ပြောခဲ့ပါတယ်။ ဒါဟာ တာဝေးပစ်ဒုံးကျည်တွေအတွက် ဒုံးကျည်ပုံစံသစ် စမ်းသပ်မှုကို ရည်ညွှန်းနိုင်ပါတယ်။ ကင်မ်ဂျုံအန်းကလည်း မြောက်ကိုရီးယားဟာ ICBM စမ်းသပ်ပစ်လွှတ်နိုင်ဖို့ နီးကပ်နေပြီလို့ ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ဒုံးကျည်အင်ဂျင်ကို စမ်းသပ်နေခဲ့ပြီး တချိန်တည်းမှာပဲ လွှတ်တင်အပြီး လေထုထဲ ပြန်ဝင်နိုင်အပြီးမှာ ဒုံးကျည်ကို ပဲ့ထိန်းနိုင်တဲ့ နည်းပညာကိုပါ စမ်းသပ်နေခဲ့တယ်လို့ ပညာရှင်တွေက ပြောခဲ့ပါတယ်။ ဒီနည်းပညာကို အပြည့်အဝ တီထွင်နိုင်ခဲ့ပြီးရင် မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ဟာ မြောက်ကိုရီးယားကနေ မိုင် ၅၅၀၀ ဝေးတဲ့ အမေရိကန်ဆီကိုရောက်အောင် ပစ်နိုင်ပါတယ်။ ICBM တချို့ကတော့ မိုင် ၆၂၀၀ အထက်ထိ ပစ်ခတ်နိုင်အောင် ပုံစံထုတ်ထားပါတယ်။ တကယ်လို့ မြောက်ကိုရီးယားက တောင်ကိုရီးယားနဲ့ အမေရိကန်တပ်တွေကို ခြိမ်းခြောက်ရာကနေ လက်တွေ့လုပ်ခဲ့ရင် စစ်ရေးတုံ့ပြန်ဖို့ အစီအစဉ်က စားပွဲပေါ်မှာ အဆင်သင့်ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန်က ဒေသတွင်း ခရီးစဉ်မှာ ပြောခဲ့ပါတယ်။
5 years Ago
Up