မြောက်ကိုရီးယားကို ဖိအားပေးမှု တိုးလုပ်မည်ဟု အမေရိကန်နှင့် ဂျပန် အတည်ပြု

July 3, 2017

မြောက်ကိုရီးယားကို ဖိအားပေးမှု တိုးလုပ်မည်ဟု အမေရိကန်နှင့် ဂျပန် အတည်ပြု

တောင်ကိုရီးယားနဲ့ပူးပေါင်းပြီး မြောက်ကိုရီးယားကို ဖိအားပေးတာတွေ တိုးလုပ်မယ်လို့ အမေရိကန်သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ တယ်လီဖုန်း ဆွေးနွေးပွဲအတွင်း အတည်ပြုခဲ့ကြတယ်လို့ ဂျပန်အစိုးရပြောခွင့်ရ ယိုရှိဟိဒဲစုငက ဇူလိုင် ၃ ရက်မှာ ပြောလိုက်ပါတယ်။ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့မှာ ဒီသီတင်းပတ်နှောင်းပိုင်း ကျင်းပမယ့် ကမ္ဘာ့ထိပ်သီး စီးပွားရေးနိုင်ငံ ၂၀ အုပ်စု (G-20) ညီလာခံမတိုင်ခင်မှာ ခုလိုပြောတာပါ။ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကြား နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အတည်ပြုဖို့ ရည်ရွယ်ပြီး  အပြန်အလှန် ဆွေးနွေးခဲ့တယ်လို့ စုငက ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့အတူ တယ်လီဖုန်းကနေတဆင့် ဆွေးနွေးဖို့ စီစဉ်ထားခဲ့တာပါ။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကြောင့် မြောက်ကိုရီးယားအစိုးရအပေါ် တဖက်သတ် ဖိအားပေးဖို့ အမေရိကန်သမ္မတဟာ တရုတ်နဲ့အတူ လုပ်ဆောင်ရေး ကြိုးစားဖို့ အာရုံစိုက်ထားပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေဟာ အမေရိကန်နဲ့ မဟာမိတ် တောင်ကိုရီးယား၊ ဂျပန်တို့အတွက် ခြိမ်းခြောက်မှု ဖြစ်နေပါတယ်။
5 years Ago
Up