မြောက်ကိုရီးယားကို စစ်ရေးနည်းဖြင့် တုံ့ပြန်သွားမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြော

October 19, 2017

မြောက်ကိုရီးယားကို စစ်ရေးခြိမ်းခြောက်မှု အန္တရာယ်ကြီးဟု ဟီလာရီကလင်တန် ပြော

မြောက်ကိုရီးယားကို စစ်ရေးနဲ့ ခြိမ်းခြောက်နေတာဟာ အန္တရာယ်ကြီးသလို အမြော်အမြင်နည်းရာကျတယ်လို့ ဟီလာရီကလင်တန်က အောက်တိုဘာ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာပြုလုပ်တဲ့ World Knowledge Forum ကမ္ဘာ့အသိပညာဖိုရမ်မှာ ဟီလာရီကလင်လန်က အခုလို ပြောကြားသွားတာပါ။ “လူသန်းပေါင်းများစွာရဲ့ ကံကြမ္မာတွေ၊ မြောက်ကိုရီးယားအကျပ်အတည်းမှာ သံတမန်ရေး ဆုံးဖြတ်ချက်အပေါ် တည်မှီနေတဲ့ ဒီလူတွေရဲ့ ကံကြမ္မာနဲ့အတူ အခုလို မထီမဲ့မြင် စစ်ရေးနဲ့ ခြိမ်းခြောက်နေတာဟာ အန္တရာယ်လည်းကြီးသလို အမြော်အမြင်နည်းရာလည်း ကျပါတယ်ဆိုတာ ပြောစရာကို မလိုပါဘူး။ နောက်ပြီး အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့ရဲ့ အကျိုးစီးပွားကို ပြောရရင် တရုတ်ရဲ့အကျိုးစီးပွားနဲ့တောင် ဆန့်ကျင်နေပါတယ်။ “ကျမ ဒီအစိုးရသစ်ရဲ့ မကြာခင်က လုပ်ရပ်တွေကို စိုးရိမ်ပါတယ်။ တင်းမာမှုမြင့်အောင် လုပ်နေသလိုပါပဲ။ အခုဆိုရင် ကျမတို့ရဲ့ မဟာမိတ်တွေဟာ အမေရိကန်ရဲ့ ယုံကြည်အားထားရမှု၊ စိတ်ချယုံကြည်မှုအပေါ်မှာ စိုးရိမ်နေကြပါပြီ။ ပြောရရင် ကင်ဂျုံအန်းနဲ့ တိုက်ခိုက်ဖို့ နည်းလမ်းကို ရွေးချယ်လိုက်ရင် ကင်ဂျုံအန်းကတော့ ပြုံးနေမှာပါ။ “တရုတ်အနေနဲ့ လှေနံနှစ်ဖက်နင်းလို့မရဘူး။ မြောက်ကိုရီးယားအပေါ် သူတို့ပေးနိုင်တဲ့ စီးပွားရေးဖိအားကို လျှော့ပေးနေလို့ မရသလို တပြိုင်နက်တည်းမှာပဲ တောင်ကိုရီးယား ရင်ဆိုင်နေရတဲ့ တကယ့်ခြိမ်းခြောက်မှုနဲ့ တောင်ကိုရီးယားပြည်သူတွေရဲ့ အသက်ကို လျှော့တွက်လို့မရပါဘူး” လို့ ဟီလာရီကလင်တန်က ပြောကြားသွားတာ ဖြစ်ပါတယ်။
5 years Ago

September 4, 2017

မြောက်ကိုရီးယားကို စစ်ရေးနည်းဖြင့် တုံ့ပြန်သွားမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြော

မြောက်ကိုရီးယားရဲ့ တိုက်ခိုက်မှုတွေကို ပြင်းထန်တဲ့ စစ်ရေးနည်းလမ်းတွေနဲ့ တုံ့ပြန်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်က စက်တင်ဘာ ၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။ “ကျနော်တို့ ဒီနေ့ သမ္မတရော၊ ဒု-သမ္မတရောပါတဲ့ အမျိုးသားလုံခြုံရေး အစည်းအဝေး လုပ်ပါတယ်။ မြောက်ကိုရီးယားရဲ့ ကိုရီးယားကျွန်းဆွယ်ကို နောက်ဆုံးခြိမ်းခြောက်မှုနဲ့ ပတ်သက်တဲ့ အစည်းအဝေးပါ။ ကျနော်တို့မှာ စစ်ရေးအရ ရွေးစရာနည်းလမ်းတွေ အများကြီးရှိပါတယ်။ သမ္မတကို အဲဒီနည်းလမ်းတခုချင်းစီကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ကျေန်ာတို့ ရှင်းရှင်းလင်းလင်းပြောရရင် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့အပေါ် ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို ကာကွယ်သွားဖို့ ကျနော်တို့မှာ စွမ်းရည်အပြည့်ရှိတယ်လို့ ပြောချင်ပါတယ်” လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်က ပြောပါတယ်။ ဂူအမ်ကျွန်းအပါအဝင် အမေရိကန်နယ်မြေနဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေအပေါ် ခြိမ်းခြောက်တိုက်ခိုက်လာရင် ကြီးမားပြင်းထန်တဲ့ စစ်ရေးတုံ့ပြန်မှုနဲ့ ကြုံတွေ့ရလိမ့်မယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဂျိမ်းစ်မက်တစ်က ဆက်ပြီး "ထိရောက်မှုလည်းရှိသလို လွှမ်းမိုးနိုင်စွမ်းလည်းရှိတဲ့ စစ်ရေးတုံ့ပြန်မှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ကင်ဂျုံအန်းဟာ ကုလလုံခြုံရေးကောင်စီရဲ့ စုစည်းညီညွတ်တဲ့အသံကို ဂရုစိုက်သင့်ပါတယ်။ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအားလုံးက မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို တညီတညွတ်တည်း တုံ့ပြန်ကြတာပါ" လို့ ပြောပါတယ်။ ကိုရီးကျွန်းဆွယ် နျူကလီးယားကင်းမဲ့ဇုန် ဖြစ်ရေးကို အားလုံးက တညီတညွတ်တည်း စိတ်ပိုင်းဖြတ်လုပ်ဆောင်နေပေမယ့် ဒါဟာ မြောက်ကိုရီးယားနိုင်ငံ ပြိုကွဲပျက်စီးသွားဖို့ ရည်ရွယ်လုပ်ဆောင်နေတာ မဟုတ်ဘူးလို့လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်က ပြောကြားသွားပါတယ်။
6 years Ago
Up