မြောက်ကိုရီးယားကိစ္စ ကန်-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးမည်

A d v e r t i s e m e n t With Us

February 23, 2016

မြောက်ကိုရီးယားကိစ္စ ကန်-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးမည်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အမေရိကန်ပြည်ထောင်စုကို ဒီသီတင်းပတ်ထဲမှာ ၃ ရက်ကြာ ခရီးသွားရောက်မှာ ဖြစ်တယ်လို့ ကျိုဒိုသတင်းက ရေးပါတယ်။ တရုတ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုအကြား ကွဲပြားမှုတွေ ကျဉ်းစေဖို့နဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ၄ ကြိမ်မြောက် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုနဲ့ တားမြစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်တဲ့ ကိစ္စတွေအပေါ် အကောင်းဆုံး အဖြေရှာဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့ မေတ္တာရပ်ခံချက်အရ ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့မှာ ခရီးစဉ်စတင်မှာဖြစ်ကြောင်းနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား ဖြစ်ထွန်းမှု အစီအစဉ်အပေါ် အလေးထား ဆွေးနွေးမယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟွာချန်ရင်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြောပါတယ်။ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲဟာ မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်လို့ တလအတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု ဖြစ်ပါတယ်။ ဇန်န၀ါရီ ၆ ရက်နေ့က နျူကလီးယား စမ်းသပ်မှုနဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့က ဂြိုဟ်တုလွှတ်တင်ရာမှာ ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတို့ဟာ မြောက်ကိုရီးယားအပေါ် ယူအန်က ကန့်သတ်ချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဖောက်ဖျက်တဲ့အပေါ် လုံခြုံရေးကောင်စီက ဒဏ်ခတ်ပိတ်ဆို့မှု တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
5 years Ago
Up