မြောက်ကယ်ရိုလိုင်းနားတွင် လေဆင်နှာမောင်း တိုက်ခတ်၊ လူများ ဘေးလွတ်ရာပြောင်းရွှေ့

May 24, 2017

မြောက်ကယ်ရိုလိုင်းနားတွင် လေဆင်နှာမောင်း တိုက်ခတ်၊ လူများ ဘေးလွတ်ရာပြောင်းရွှေ့

အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားမှာ မေလ ၂၃ ရက်နေ့က လေဆင်နှာမောင်း ဝင်ရောက်ခဲ့တာကြောင့် လူအများအပြား ဒဏ်ရာရခဲ့ပြီး ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပါတယ်။ လေဆင်နှာမောင်းဟာ ဆမ်ဆင် ကောင်တီ (Sampson County) ကို ဝင်ရောက်ခဲ့တာဖြစ်ပြီး မိုးလေဝသပညာရှင်တွေက ကြိုတင်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ လေဆင်နှာမောင်းဟာ မထင်မှတ်ဘဲ လျင်မြန်စွာ ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြားခဲ့ပါတယ်။ ဒေသရုပ်သံဌာန ထုတ်လွှင့်ချက်တွေမှာ အပျက်အစီးတွေ ရှင်းလင်းနေတာကို ပြသခဲ့ပါတယ်။ အခုချိန်မှာတော့ လေဆင်နှာမောင်း သတိပေးချက်ကို ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ အမျိုးသားမိုးလေဝသ မုန်တိုင်းကြိုတင်ကာကွယ်ရေး ထုတ်ပြန်ချက်အရ ဂျော်ဂျီယာ၊ တောင်ကယ်ရိုလိုင်းနားနဲ့ ဖလော်ရီဒါမြောက်ပိုင်းတို့မှာ လေဆင်နှာမောင်းသတိပေးချက် ထုတ်ပြန်ထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up