မြောက်ကယ်ရိုလိုင်းနား

May 2, 2019

မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ် သေနတ်ပစ်ခတ်မှု သံသယရှိသူ အမျိုးသားအား ဖမ်းဆီး

အမေရိကန်နိုင်ငံ ရှားလက်မြို့ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်မှာ ဧပြီ ၃၀ ရက်နေ့ သေနတ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ အမျိုးသားတယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ သံသယရှိသူ အမျိုးသားဟာ အသက် ၂၂ နှစ်အရွယ် ထရက်စတန်ထရဲလ်လို့ အမည်ရကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ သေနတ်ပစ်ခတ်မှုဖြစ်စဉ် အသေးစိတ် အခြေအနေကို တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။ ပစ်စတိုတလက် ကိုင်ဆောင်လာတဲ့ အမျိုးသားတယောက်ဟာ တက္ကသိုလ်ထဲ ဝင်လာပြီး ကျောင်းသားတချို့ကို ပစ်ခတ်နေတယ်ဆိုတဲ့ အရေးပေါ်ဖုန်းတခု ဧပြီ ၃၀ မွန်းလွဲပိုင်းမှာ လက်ခံရရှိခဲ့တယ်လို့ တက္ကသိုလ်နယ်မြေ လုံခြုံရေးဆိုင်ရာ ရဲမှူး ဂျက်ဖ်ဘာကာက ပြောပါတယ်။ အခင်းဖြစ်တဲ့ ကျောင်းဝင်းထဲကို ရဲတပ်ဖွဲ့ဝင် သုံးယောက်ထက်မနည်း ရောက်လာခဲ့ပြီး သံသယရှိသူဆီက လက်နက်သိမ်းပြီး ဖမ်းဆီးခဲ့တာပါ။ အဲဒီနေ့က ပစ်ခတ်မှုအတွင်း လူနှစ်ယောက်သေဆုံးပြီး လေးယောက် ဒဏ်ရာရခဲ့ပါတယ်။ သံသယရှိသူဟာ ဘယ်သူဘယ်ဝါဆိုတာကို ရဲတပ်ဖွဲ့က ချက်ချင်းထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
2 years Ago
Up