မြေယာဥပဒေ

July 6, 2018

မြေယာဥပဒေနှင့် ပတ်သက်၍ တောင်သူလယ်သမားများသိရှိရန်ပညာပေး

ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း၊ မိုင်းဆတ်​ခရိုင်​အတွင်းရှိ​ တောင်​သူလယ်​သမားတွေကို ​မြေယာဥပ​ဒေနဲ့ ဆက်​စပ်​ဥပ​ဒေတွေ သိရှိအောင်ရည်ရွယ်တဲ့ ဆွေး​နွေးပွဲကို မိုင်းဆတ်​မြို့ မြို့မဘုန်း​တော်​ကြီး​ကျောင်းမှာ ​တောင်​သူလယ်​သမားတွေနဲ့ မြေယာလုပ်​သားများသမဂ္ဂက ဇူလိုင်​ ၆ ရက်နဲ့ ၇ ရက်​​က နှစ်ရက်​ကြာ ကျင်းပပါတယ်​။ သမဂ္ဂအဖွဲ့ဝင်​​ ဒေါ်နန်းငယ်​ငယ်​က “၂ဝဝ၈ အ​ခြေခံဥပ​ဒေအရ နိုင်​ငံသားတွေရဲ့ မူလအခွင့်​အ​ရေးနဲ့ တာဝန်​များ အခန်းကဏ္ဍမှ ပုဒ်​မ-၃၄၇ မှာ နိုင်​ငံ​တော်​သည် ​မည်​သူ့ကိုမဆို ဥပ​ဒေအရာတွင်​ တန်းတူညီမျှအခွင့်​အ​ရေးရရှိ​စေရမည်​။ ထို့ပြင်​ဥပ​ဒေ၏ အကာအကွယ်​ကို လည်း တန်းတူညီမျှစွာ ရယူပိုင်​ခွင့်​​ပေးရမည်​။ ဒါ့အပြင်​ပုဒ်​မ(၃၅၆)အရ နိုင်​ငံသားများ၏ တရားဝင်​ရရှိပိုင်​ဆိုင်​ထား​သော​ ရွှေ့ပြောင်းနိုင်​​သောပစ္စည်း၊ မ​ရွှေ့ပြောင်းနိုင်​​သောပစ္စည်းများနှင့်​ စပ်​လျဉ်း၍ ဥပ​ဒေအရ ကာကွယ်​​ပေးရမည်​လို့ ဆိုထား​တာကို​ တောင်​သူဦးကြီး​တွေ သိ​စေချင်​ပါတယ်​” လို့ ရှင်းလင်း​ပြောပြခဲ့ပါတယ်။ ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်းမှာ အရင်​အစိုးရ အဆက်​ဆက်​က​ တောင်​သူတွေ လုပ်​ကိုင်​​ဆောင်​ရွက်​​နေတဲ့​ မြေယာတွေ သိမ်းဆည်းခံရပြီး ဆုံးရှုံးမှု ​တွေရှိ​နေတဲ့​ အတွက် တောင်​သူလယ်​သမား​တွေအ​နေနဲ့ မိမိတို့လုပ်​ကိုင်​​ဆောင်​ရွက်​​နေတဲ့ လယ်​ယာ ​ဥယျာဉ်​ခြံ​မြေတွေနဲ့ ပတ်​သက်​ပြီးလုပ်​ပိုင်​ခွင့်​၊ သီးနှံများထုတ်​လုပ်​​ရောင်းချခွင့်​၊ ​ဈေးကွက်​​ပေါ်ထွန်း လာ​စေ​ရေးအတွက်​ ​တောင်​သူလယ်​သမား အစုအဖွဲ့ငယ်​များ မြို့နယ်​အလိုက်​​ ပေါ်ထွက်​လာ​စေဖို့ ရည်​ရွယ်​ ဆွေး​နွေးခဲ့ကြတာဖြစ်​ပါတယ်​။ “တောင်​သူလယ်​သမား​တွေဘက်​ကလည်း မိမိတို့လုပ်​ကိုင်​​နေတဲ့​ မြေနဲ့ပတ်​သက်​ပြီး ဥပ​ဒေအရ အကာအကွယ်​​တွေကို သိရှိနားလည်းထားကြ​စေဖို့ လက်​ကမ်းစာအုပ်​​တွေ ဖြန့်​​ဝေ​ပေးထားပါတယ်​။ ဥပ​ဒေနဲ့အညီ လုပ်​ကိုင်​​ဆောင်​ရွက်​ကြရမယ့်​အပြင်​ မတရားပြုမူခံရမှု​တွေ ရှိ​နေရင်​လည်း သက်​ဆိုင်​ရာ အဆင့်​ဆင့်​ကို လုပ်​ထုံးလုပ်​နည်းနဲ့အညီ တိုင်​ကြား​စေချင်​တယ်​” လို့​ ဒေါ်နန်းငယ်​ငယ်​က ပြောပါတယ်။ ဒီဆွေး​နွေးပွဲမှာ အပြန်​အလှန်​​ ဆွေး​နွေးမှု​တွေအပြင်​​ တောင်​သူလယ်​သမား အစုအဖွဲ့​တွေကို ကဏ္ဍအလိုက်​ ဖွဲ့စည်းမှု​တွေ​ဆောင်​ရွက်​ခဲ့ပြီး ​တောင်​သူလယ်​သမားတွေရဲ့ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်​လာ​စေဖို့ ရှမ်းပြည်​နယ်​အနှံ့ ​ဆောင်​ရွက်​သွားဖို့ ရှိပါတယ်​။ ​အောင်​​ဇေယျ(မိုင်းတုံ)
3 years Ago
Up