မြေပုံမြို့နယ် ဝဘော်​ကြီးကျေးရွာတွင် မီးလောင်၊ နေအိမ် ၉၀ ကျော် ပြာကျ

May 13, 2018

မြေပုံမြို့နယ် ဝဘော်​ကြီးကျေးရွာတွင် မီးလောင်၊ နေအိမ် ၉၀ ကျော် ပြာကျ

  ရခိုင်ပြည်နယ် မြေပုံတောင်ပိုင်း ဝဘော်ကြီးကျေးရွာမှာ မေ ၁၂ ရက်နေ့ ည ၁၁ နာရီကျော်လောက်က နေအိမ်တလုံး စတင်မီးလောင်ရာကနေ နေအိမ် ၉၀ ကျော် မီးလောင်းပြာကျသွားတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။ အဲ့ဒီဝဘော်​ကြီကျေးရွာမှာ အိမ်ခြေ ၁၃၄ အိမ်ရှိပြီး မီးလောင်မှုကြောင့် ပြာကျသွားတဲ့နေအိမ်က ၉၃ လုံးနဲ့ မီးမလောင်တဲ့ နေအိမ် ၄၁ လုံး ကျန်နေခဲ့တယ်လို့ ဝဘော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဆန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့ညက ၁၁ နာရီကျော်ကျော်က စလောင်တာပါ။ အားလုံးစုစုပေါင်း မီးလောင်သွားတဲ့ အိမ်ခြေကတော့ ၉၃ အိမ်မီးလောင်သွားရာမှာ ပါသွားတယ်။ တရွာလုံးနီးပါဒ လောင်သွားတာပါ။ မီးမလောင်ဘဲ ကျန်ခဲ့တဲ့အိမ်ကတော့ ၄၁ အိမ် ကျန်ခဲ့တယ်။ မီးငြှိမ်းသွားတာက ၁ နာရီလောက်မှာ ငြှိမ်းသွားပါတယ်။ အားလုံးပြာကျပြီးမှ မီးငြှိမ်းသွားတာ” လို့ပြောပါတယ်။ လက်တလောမှာ မီးဘေးသင့် ပြည်သူတွေကို ဝဘောကျေးရွာ ဘုန်းကြီးကျောင်းမှာ ခေတ္တနေရာချပေးထားပြီး အဲ့ဒီရွာကို မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် ကမ်းထောင်ကြီးနယ်မြေရဲစခန်း ရဲတပ်ဖွဲ့က လာရောက်ကြည့်ရှုနေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “အခုလောလောဆယ်တော့ ဝဘော်​ကြီးဘုန်းတော်ကြီးကျောင်းမှာ နေကြတယ်။ ဒီကနေ့ မနက်ပိုင်းက မီးဘေးသင့်တဲ့သူတွေရော၊ မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးရော၊ နောက်ပြီး ရွာအနီးက ကမ်းထောင်ကြီးနယ်မြေ ရဲတပ်ဖွဲ့ဝင်တွေ ရောက်နေကြပါတယ်” လို့ပြောပါတယ်။ နေအိမ်မိးထဲပါသွားတဲ့ ဝဘော်​ကြီးကျေးရွာက ကိုအောင်သန်းဌေးက "ကျနော်တို့ရွာမှာက ဘာမှကို မရှိတာ၊ မီးသတ်ကားမပြောနဲ့ ရေစုပ်တောင် မရှိကြဘူး။ မီးလောင်သွားတာနဲ့ မီးအရှိန်က အရမ်းပြင်းတယ်။ ကျနော်အိမ်လည်း ပါသွားတာပဲ၊ အခုကတော့ ဘုန်းတော်ကြီးကျောင်းမှာ နေနေရတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။ အခုမီးလောင်သွားတဲ့ ကျေးရွာဟာ ဝဘော်​ကြီးကျေးရွာဟောင်းဖြစ်ပြီး အဲ့ဒီအနားမှာ ဝဘော်ကြီးကျေးသစ်ကျေးရွာ၊ ရေနီကြီး၊ကျေးရွာ၊ သင်္ဘောချောင်းကျေးရွာ၊ ငွေတွင်းတူးကျေးရွာ နှာမောင်းကျကျေးရွာ၊ လောင်ဒရိုက်ကျေးရွာတွေရှိကြပါတယ်။ ၀ဘော်ကြီးကျေးရွာဟာ ရေလမ်းခရီးကိုသာ အားကိုးပြီး လုပ်ကိုင်စားသောက် နေရတာကြောင့် ရေအတက် တွေရှိမှ စက်လှေတွေ၊ လှေတွေနဲ့သွားလို့ရတယ်လို့ ကျေးရွာသားတွေကပြောပါတယ်။ ၀ဏ္ဏခွာညို
3 years Ago
Up