မြေဆီလွှာတိုက်စားမှု

October 5, 2018

ဂရိတွင် တောမီးနှင့်ရေကြီးမှုကြောင့် မြေဆီလွှာတိုက်စားမှု ဆိုးဆိုးရွားရွား ဖြစ်

ဂရိနိုင်ငံ အက်တီကာ ကျွန်းဆွယ် အနောက်ဘက်ခြမ်းမှာ ဇူလိုင်လက တောမီးလောင်ပြီး စက်တင်ဘာနောက်ဆုံးပတ်မှာ  မိုးရွာရေကြီးခဲ့လို့ မြေဆီလွှာ တိုက်စားမှု ဆိုးဆိုးရွားရွား ဖြစ်ပွားနေပါတယ်။ ပင်လယ်ကမ်းခြေမြို့ ကီနေတာရဲ့ တောင်ပေါ်မှာ တောမီးလောင်အပြီး ပြာတွေနဲ့ မွနေတဲ့ မြေတွေဟာ အရင်လ နှောင်းပိုင်းက မုန်တိုင်းကြောင့်ဖြစ်တဲ့ ရေကြီးမှုကြောင့် မျောပါသွားခဲ့ပါတယ်။ ဒါကြောင့် လူဦးရေ ၃၀၀၀ ကျော်ရှိတဲ့ မြို့ထဲက အိမ်ခြေ ၃၀၀ ကျော်လည်း ပျက်စီးသွား ခဲ့ပါတယ်။
3 years Ago
Up