စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ မနေ့ညက အင်အားရစ်(ခ်)တာစကေး ၄.၉ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၁ နာရီ၊ ၃၈ မိနစ်၊ ၅၉ စက္ကန့် အချိန်က ဟုမ္မလင်းမြို့ရဲ့ အနောက်မြောက်ဘက် ၁၂ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၄.၉၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၇၃ ဒီဂရီ၊ အနက် ၅၃ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
2 years Ago