ပြေးခုန်ပစ်အဖွဲ့ အကျင့်ပျက်ခြစားမှု ဖီဖာလောက် မကြီးမားဟုဆို

December 11, 2015

ပြေးခုန်ပစ်အဖွဲ့ အကျင့်ပျက်ခြစားမှု ဖီဖာလောက် မကြီးမားဟုဆို

နိုင်ငံတကာ ပြေးခုန်ပစ်အဖွဲ့များ ဖက်ဒရေးရှင်း (အိုင်အေအေအက်ဖ်) ရဲ့ အကျင့်ပျက်ခြစားမှုက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)လောက် မကြီးကျယ်ဘူးလို့ ဒီအဖွဲ့ ဥက္ကဋ္ဌ လော့ဒ်ကိုးလ်က ပြောပါတယ်။ ပြေးခုန်ပစ်အရှုပ်တော်ပုံက ဖီဖာအရှုပ်တော်ပုံလောက် ကြီးမားသလားဆိုတဲ့ အမေးကို အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပြီး လေးလေးနက်နက် လုပ်ဆောင်ချက်တွေကနေ ရှောင်ထွက်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ ဆေးမအောင်တဲ့ ရုရှား ပြေးခုန်ပစ်သမားတွေကို အကာအကွယ်ပေးခဲ့သလို ၂၀၂၁ ခုနှစ် ကမာ့္ဘပြေးခုန်ပစ်ချန်ပီယံပြိုင်ပွဲ ကျင်းပခွင့်ပေးတာနဲ့ ပတ်သက်ပြီး အရှုပ်တော်ပုံတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိုင်အေအေအက်ဖ်က ဥက္ကဋ္ဌဟောင်းနဲ့ တခြား အဆင့်မြင့်အရာရှိတွေကို ပြင်သစ်ရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။ ၂၀၂၁ ခုနှစ် ပြေးခုန်ပစ် ကမ္ဘာ့ချန်ပီယံပွဲတော်ကို အမေရိကန်ပြည်ထောင်စု မြို့တော် ယူဂျင်းမှာ ကျင်းပခွင့်ပေးဖို့ ဆုံးဖြတ်တာဟာ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလို့လည်း စွပ်စွဲမှုတွေ ရှိနေပါတယ်။ ဆေးမအောင်တဲ့ ကစားသမားတွေဆီကနေ ငွေကြေး ရယူခဲ့တယ်လို့ အိုင်အေအေအက်ဖ် ဥက္ကဋ္ဌဟောင်း လာမိုင်းဒိုက်ကို စွပ်စွဲထားတာ ဖြစ်ပါတယ်။
6 years Ago
Up