အီဂျစ်နဲ့ အစ္စရေးနယ်စပ်မှာ အာဖရိကတိုက်သား ပြောင်းရွှေ့အခြေချသူ ၁၅ ယောက်ရဲ့ အလောင်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က ရဲအဖွဲ့က တွေ့ရှိခဲ့ရပါတယ်။
ဆိုင်းနိုင်းမြို့ မြောက်ပိုင်းက တရားဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့ဒေသမှာ သူတို့တွေ သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ ပုံစံမျိုး ဖြစ်တယ်လို့ ရဲအဖွဲ့က ပြောပြီး နောက်ထပ် ၈ ယောက်လည်း ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။
အခင်းဖြစ်တဲ့ နေရာဟာ အီဂျစ်နဲ့ ပါလက်စတိုင်းအပိုင် ဂါဇာကမ်မြောင်ဒေသတို့ နယ်စပ်မျဉ်းပေါ်မျာ ရှိတဲ့ ရာဖာမြို့ရဲ့ တောင်ဘက်ပိုင်း ကျပါတယ်။
တိုက်ခိုက်ခံရတဲ့ ပြောင်းရွှေ့အခြေချသူတွေဟာ ဘယ်နိုင်ငံကလဲဆိုတာ လောလောဆယ်မှာ မသိရသေးပါဘူး။ ဒဏ်ရာရသူတွေကို ဆိုင်းနိုင်းမြို့ဆေးရုံဆီ အရေး ပေါ် ပို့ထားပါတယ်။
5 years Ago