ပြောင်းရွှေ့မှု

July 21, 2018

ဆီးရီးယား မြို့နှစ်မြို့မှ ပြည်သူများအား အလက်ပိုပြည်နယ်ကို ပြောင်းရွှေ့မှု ပြီးဆုံး

ဆီးရီးယားနိုင်ငံ အစ်ဒလစ်ပြည်နယ်ရှိ မြို့နှစ်မြို့က ပြည်သူတွေကို အလက်ပို ပြည်နယ်ဆီကို  ပြောင်းရွှေ့မှု ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ဆီးရီးယားအာရပ် သတင်းအေဂျင်စီ (SANA)က ဇူလိုင်လ ၂ဝ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆာနာ  (SANA) သတင်းဌာန အဆိုအရ နောက်ဆုံးလက်ကျန် ခရီးသည်တင်ယာဉ် ၁၈ စီးဟာ ဇူလိုင်လ ၂ဝ ရက်နေ့က အလက်ပိုပြည်နယ် ယီဘရင်းဒေသကို ရောက်ရှိလာခဲ့ပြီး အဲဒီမှာ ရွှေ့ပြောင်းပြည်သူတွေကို ယာယီနေရာ ချထားပေးခဲ့ပါတယ်။ အခုပြောင်းရွှေ့မှုဟာ မကြာသေးခင်က ဆီးရီးယားအစိုးရတပ်နဲ့ သူပုန်တပ်တွေအကြား ပြုလုပ်ခဲ့တဲ့ သဘောတူညီမှုရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ အဲဒီ သဘောတူညီမှုကို အီရန်နဲ့ တူရကီတို့က ထောက်ခံခဲ့ကာ ပြောင်းရွှေ့မှုကို ဇူလိုင်လ ၁၉ ရက်နေ့က စတင်ခဲ့တာပါ။ သဘောတူညီချက်အရ အရပ်သားနဲ့ တိုက်ခိုက်ရေးသမားတွေ ပါဝင်တဲ့လူပေါင်း  ၆,၉ဝဝ- ကို အလက်ပိုပြည်နယ်တောင်ပိုင်း အစိုးရ ထိန်းချုပ်ရာ ဒေသတွေဆီ ရွှေ့ပြောင်းရမှာ ဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ ဆီးရီးယားအစိုးရကလည်း ထိန်းသိမ်းထားတဲ့ သူပုန် စုစုပေါင်း ၁၅ဝဝ ကို ပြန်လွှတ်ပေးရမယ်လို့ စီစီတီဗွင်္ီ သတင်းအရ သိရပါတယ်။
3 years Ago
Up