ပြောင်းလဲနေတဲ့

March 10, 2017

ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ

ဖရဲသီး မူဆယ်ကုန်စည်ဒိုင်မှာ တရုတ်နိုင်ငံကို အဓိက တင်ပို့နေတဲ့ ဖရဲသီး ၈၅၅ က ၁ တန်ကို ငွေကျပ် ၉၆၀၀၀ ထိ ဈေးမြင့်တက်လာပြီး ဒီနေ့ပေါက်ဈေးက ၁ တန်ကို ၄၂၂၄၀၀ ကျပ် ရှိနေပါတယ်။ မတ်ပဲ ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့  ပြည်ပကို အဓိကတင်ပို့နေတဲ့ မတ်ပဲကတော့ ဈေးဆက်လက်တက်နေပြီး ဒီနေ့မှာ ငွေကျပ် ၃၂၀၀၀ ထိဈေးတက်လာပါတယ်။ ဒီနေ့ ပေါက်ဈေးကတော့ ၁၁၄၂၀၀၀ ပေါက်ဈေး ရှိနေပါတယ်။ ပဲတီစိမ်း ပဲတီစိမ်းဟာလည်း ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၂၀၀၀ ပေါက်ဈေးရှိနေပြီး ၃၅ ကျပ် ဈေးတက် လာပါတယ်။ ပဲစင်းငုံ ပဲစင်းငုံကတော့ ဒီနေ့မှာ ဈေးအနည်းငယ်ကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ၇၈၉၀၀၀ရှိပြီး ငွေကျပ် ၇၀၀၀ ဈေး ကျသွားပါတယ်။ ကုလားပဲလုံး ကုလားပဲလုံးကလည်း ဈေးဆက်တိုက် ကျဆင်းနေပြီး  ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၁၉၄၀ ပေါက်ဈေးရှိပြီး ၈၅ ကျပ် ဈေးကျ ဆင်းသွားပါတယ်။ ၁ ပတ်အတွင်း ငွေကျပ် ၂၀၀ နီးပါး လောက် ဈေကျသွားပါတယ်။ ကြက်သွန်နီ ကြက်သွန်နီ ကတော့ ဒီနေ့ ပေါက်ဈေးက ငွေကျပ် ၁,၁၀၀ ရှိနေပြီး ၇၅ ကျပ်ဈေး ကျသွားပါတယ်။ ပဲပုတ်(ဗမာ) မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ဗမာ) ဟာ ၁ အိတ်ကို ငွေကျပ် ၃၀၀၀ ဈေးတက်လာပြီး ဒီနေ့ ပေါက် ဈေးက ငွေကျပ် ၆၀၀၀၀ ရှိပါတယ်။ မကျည်းတောင့် ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ မကျည်းတောင့်ဟာ ၁ ပိဿာကိုငွေကျပ် ၁၅၀၀ ကျပ် ပေါက်ဈေး ရှိပြီး  ငွေကျပ် ၇၀ ကျပ်ဈေးတက် လာပါတယ်။ ၁ ပတ်အတွင်း ငွေကျပ် ၁၀၀ ရာကျော်လောက် ဈေးတက်တာပါ။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း - AMIA
5 years Ago
Up