ပြောင်းလဲမည်ဟု မျှော်လင့်

April 5, 2018

သွင်းကုန်ခွန်ရှောင်လွှဲရန် တရုတ်ကုန်သွယ်ရေးမူဝါဒ ပြောင်းလဲမည်ဟု မျှော်လင့်

သွင်းကုန်ခွန်တွေကို ရှောင်လွှဲဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ ကုန်သွယ်ရေးမူဝါဒတွေကို ပြောင်းလဲလိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်အစိုးရက ဧပြီ ၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဟက်ကာဘီဆန်ဒါးစ်က “ကျမတို့ အဲဒီလုပ်ငန်းစဉ်ကို လေ့လာမှာပါ။ နှစ်ဖက်စလုံးမှာ သွင်းကုန်ခွန်တွေ အသက်ဝင်ဖို့ လအနည်းငယ် ကြာပါလိမ့်မယ်။ တရုတ်နိုင်ငံအနေနဲ့ မှန်ရာကိုလုပ်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံရဲ့ အပြုအမူ ပြောင်းလဲမှုမရှိဘူး၊ တရားမျှတမှုမရှိတဲ့ ကုန်သွယ်ရေး ကျင့်ဝတ်တွေကို ရပ်တန်းက မရပ်ဘူးဆိုရင် ကျမတို့ကလည်း ရှေ့ဆက်သွားမှာဖြစ်ပါတယ်။ ကျမတို့ ကာလတို အနည်းအကျဉ်း ထိခိုက်တာ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကာလရှည်မှာတော့ ကျမတို့ သေချာပေါက် အောင်မြင်မှာပါ။ ကျမတို့က ကာလရှည် စီးပွားရေးမူဝါဒတွေကို အဓိကထားပါတယ်။ အားကောင်းပြီး တည်ငြိမ်တဲ့ စီးပွားရေးကို ရည်ရွယ်တာပါ။ သမ္မတကြီးလုပ်နေတာလည်း အဲဒါပါပဲ” လို့ ပြောပါတယ်။
4 years Ago
Up