ပြောက်ကျားဝတ်စုံနှင့် ရေပက်ခံထွက်သူများကို ရဲက ခေါ်ယူပညာပေး

April 15, 2016

ပြောက်ကျားဝတ်စုံနှင့် ရေပက်ခံထွက်သူများကို ရဲက ခေါ်ယူပညာပေး

မန္တလေးသင်္ကြန်မှာ ပြောက်ကျား ဝတ်စုံနှင့် အနက်ရောင်ဝတ်စုံများဝတ်ဆင်ပြီး ရေပက်ခံ ထွက်လာသူလူငယ်များကို ရဲတပ်ဖွဲ့က အသိပညာပေးဆွေးနွေးခဲ့တယ်လို့ ရဲဇာနည် လူမှုကွန်ရက်စာမျက်နှာမှာ သတင်းရေးသားဖော်ပြထားပါတယ်။ လိုက်ထရပ်ကားနဲ့ ပြောက်ကျားဝတ်စုံဝတ်ပြီး အီကွေ့မင့်အနက်ရောင်ဝတ်ဆင်သွားလာနေတဲ့ လူငယ် ၆ ဦး၊ ဂျစ်ကားနဲ့ စစ်စိမ်းရောင်အင်္ကျီများ ဝတ်ဆင်ပြီး လှည့်လည်သွားလာနေတဲ့ လူငယ် ၆ ဦး၊JEEP ယာဉ် ၃ စီးပေါ်မှာ ပြောက်ကျားဝတ်စုံနဲ့ အနက်ရောင်ဝတ်စုံများ ဝတ်ဆင်သွားလာ နေတဲ့ လူငယ် ၁၅ ဦးတို့အား ရဲက အဲ့ဒီအသုံးအဆောင်ပစ္စည်းတွေ အသုံးမပြုဖို့ ပညာပေး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ မန္တလေးသင်္ကြန်စတင်တဲ့နေ့မှာပဲ အဲ့ဒီလိုဝတ်စားဆင်ယင်ပြီး ရေပက်ခံထွက်နေတဲ့ဓာတ်ပုံတွေ အင်တာနက်စာမျက်နှာပေါ်တက်လာပြီးတဲ့နောက် ရဲက ခေါ်ယူပညာပေးဆွေးနွေးတယ်ဆိုတဲ့ သတင်း ထွက်လာတာ ဖြစ်ပါတယ်။
6 years Ago
Up