ခြေ ၄ ချောင်းနှင့် အမျိုးသားလိင်အင်္ဂါ ၂ ခုပါသည့် ကလေးငယ် မွေးဖွား

January 23, 2017

ခြေ ၄ ချောင်းနှင့် အမျိုးသားလိင်အင်္ဂါ ၂ ခုပါသည့် ကလေးငယ် မွေးဖွား

ခြေထောက် ၄ ချောင်းနဲ့ အမျိုးသားလိင်အင်္ဂါ ၂ ခုပါတဲ့ ကလေးငယ်တဦးကို အိန္ဒိယနိုင်ငံ ဆေးရုံတရုံမှာ ဇန်နဝါရီ ၂၂ ရက်နေ့က မွေးဖွားခဲ့တယ်လို့ မက်ထရိုသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဲဒီကလေးငယ်ကို ဒေသစံတော်ချိန် မနက် ၄း၂၃ နာရီမှာ မွေးဖွားခဲ့ပြီး ရိုးရိုးသာမွေးခဲ့တာဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ကလေးငယ်ရဲ့ မိခင်ဖြစ်သူ အသက် ၂၃ နှစ်အရွယ် လာလီတမ်မာက ကလေးငယ်ဟာ သူ့အတွက် ဘုရားသခင်ရဲ့ လက်ဆောင်ဖြစ်ပြီး ဆက်လက်ကုသမှုတွေ ခံယူနိုင်ဖို့ တခြားဆေးရုံတရုံဆီ ပို့ဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ သားငယ်ကို အကောင်းဆုံး အသက်ဆက်ရှင်သန်နိုင်ဖို့ စောင့်ရှောက်သွားမယ်လို့လည်း ဆိုပါတယ်။ “ကျမရဲ့ ပထမဆုံး သားဦးလေးကို လွန်ခဲ့တဲ့ ၃ နှစ်က မွေးခဲ့ပြီး ကျန်းမာရေး ကောင်းမွန်ပါတယ်။ ကျမတို့က ဆင်းရဲတဲ့အတွက် ဈေးနှုန်းကြီးမြင့်တဲ့ ကုသမှုတွေအတွက်တော့ အားမထုတ်နိုင်ပါဘူး။” ဒီကလေးမွေးဖွားမှုမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာ ဗီရူပက်ခ်ရှာက “ကျနော် ကလေးရဲ့ မိသားစုတွေကို ဗီဂျရာနာဂါရာ ဆေးသိပ္ပံဌာန (ဗီအိုင်အမ်အက်စ်) ဆီ လွှဲပြောင်းပေးဖို့ ပြောထားပြီးပါပြီ။ အဲဒီက ခွဲစိတ်ဆရာဝန်တွေနဲ့လည်း တနင်္ဂနွေနေ့က တိုင်ပင်ခဲ့ပြီးပါပြီ။ သူတို့က ကလေးငယ်ကို လေ့လာစောင့်ကြည့်ထားဖို့ ပြောပါတယ်။ ကျနော်ကတော့ သူ့ကို ပုံမှန်အခြေအနေအတိုင်းပဲ ဖြစ်စေချင်ပါတယ်” လို့ ပြောပါတယ်။ ဗီအိုင်အမ်အက်စ်မှပဲ ဒေါက်တာ ဒီဗက်ကာ ဂါဒီက “ခွဲစိတ်ကုဆရာဝန်တွေအဖွဲ့ဟာ ကလေးငယ်ရဲ့ အခြေအနေကို စုံစမ်းရှာဖွေနေကြပါတယ်။ ကျနော်တို့အတွက် ဒါဟာ တကယ့်စိန်ခေါ်မှုတခုပါပဲ” လို့ ပြောပါတယ်။ မိခင်ဖြစ်သူ လာတီတမ်မာကတော့ “ဆရာဝန်တွေနဲ့ ဆေးရုံတာဝန်ရှိသူတွေက ကျမရဲ့ကလေးကို ဗီဂျရာနာဂါရာ ဆေးသိပ္ပံဌာနဆီပို့ပြီး ဆက်လက်ကုသဖို့ အကြံပေးခဲ့ကြပါတယ်။ ခုတော့ ကျမအနေနဲ့ သူ့ကို ပုံမှန်အခြေအနေအတိုင်းပဲ ရှိလာစေဖို့ မျှော်လင့်နေပါတယ်” လို့ ပြောပါတယ်။
5 years Ago
Up