တောင်ကြီးမြို့ဇာတိဖြစ်တဲ့ ဦးတင့်ဟာ ၃၆ လမ်းနဲ့ မဟာဗန္ဓုလ လမ်းဆုံ အနီးမှာ ခြေထောက်နဲ့ ပန်းချီရေးဆွဲပြီး သူ့ရဲ့အနုပညာကို အသက်မွေး လုပ်ကိုင်နေပါတယ်။
သူက ၁၉၉၂ ခုနှစ်ကတည်းက ပန်းချီပညာနဲ့ အသက်မွေးလုပ်ကိုင်ခဲ့တယ်လို့ ပြောပါတယ်။ သူ့ရဲ့ လက်နှစ်ဖက်မှာ မွေးရာပါ သိမ်နေတာ ဖြစ်ပြီး သူ့ရဲ့ ပန်းချီကားတွေကို တပုံ ၁၀၀၀၊ ၅၀၀ ကျပ်၊ သုံးပုံ ၁၀၀၀ ကျပ်နဲ့ ရောင်းချပြီး ချို့တဲ့စွာ လုပ်ကိုင်နေရပါတယ်။
ရုပ်သံ - ကျော်ဇေယျ
4 years Ago