ခြေလှမ်း ၁ သောင်း

April 3, 2018

ခြေလှမ်း ၁ သောင်း လမ်း​လျှောက်​ပြိုင်​ပွဲ မန္တလေးမြို့တွင် ကျင်းပမည်

မိမိကိုယ်​ကိုယ်မိမိ စိန်​​ခေါ်ယှဉ်​ပြိုင်​ရတဲ့ ​ခြေလှမ်း​​ပေါင်း ၁၀,၀၀၀ လမ်း​လျှောက်​ပြိုင်​ပွဲ မန္တ​လေးမြို့မှာ ပထမဦးဆုံး ကျင်းပမှာ ဖြစ်ပါတယ်။ လာမယ့် ဧပြီ ၂၈ ရက်​​ကစပြီး လ တလရဲ့ ​နောက်​ဆုံးပတ်​ စ​နေ​နေ့မှာ ​ခြေလှမ်း ၁၀,၀၀၀ ကို  သုံးလ​ သုံးကြိမ်​လျှောက်​တဲ့ လမ်းလျှောက် ကမ်​ပိန်း​ လှုပ်ရှားမှုကို ​ပြု​လုပ်​သွားမှာပါ။ မိမိကိုယ်​ကိုယ် ယှဉ်​ပြိုင်​ရတဲ့ပွဲမျိုးဖြစ်​ပြီး ​ပေးထားတဲ့အချိန်​ ၂ နာရီအတွင်း ​ခြေလှမ်း ၁၀,၀၀၀ ပြည့်အောင်​​ လျှောက်​ကြရမှာပါ။ ​ခြေလှမ်း​ပေါင်း ၂၀၀၀ ​​ရောက်​တဲ့​နေရာ​တွေမှာ နား​နေ​ဖို့နဲ့အတူ နာကျင်​မှုရှိတဲ့သူ​တွေအတွက်​ ဂါလီဂါအ​ကြော​ပြေလိမ်း​ဆေး၊ ဓာတ်​ဆား​ရည်နဲ့အတူ သူနာပြုတွေကိုလည်း စနစ်​တကျစီစဉ်​ထားပြီး ယာဉ်အန္တရာယ် ​စိတ်​ချရဖို့ မန္တ​လေး ယာဉ်​ထိန်းဌာနနဲ့အတူ မန္တလေးမြို့​တော်​စည်ပင်​သာယာနဲ့ ပူး​ပေါင်း​ဆောင်​ရွက်​သွားမှာ ဖြစ်​ပါတယ်​။ ပွဲစီစဉ်​သူတဦးက “အခုလာမယ့် ဧပြီ ၁၀ ရက်​​နေ့ကစတင်​ပြီး ဘုတ်​​တွေ ​ထောင်​သွားမယ်​။ ​ဖောင်​​တွေ ဖြည့်ရပါမယ်​။ လူသန့်​ချင်​တာ​ကြောင့် ဒီ ၃ ကြိမ်​စလုံးမှာ ၅၀၀၀ ​သွင်းရမှာ ဖြစ်​တယ်​။ ကျမ​တို့က နက်ပြာေ​ရာင်​ တူညီဝတ်​စုံ​လေး​တွေ ပြန်​ပေးမှာ ဖြစ်​တယ်​။ ​လျှောက်​မယ့်သူ​တွေကို လူဦး​ရေ ၁၅၀၀ သတ်​မှတ်ထားပြီး အဲဒီကတည်းကမှ ၃ ကြိမ်​လုံး ဝင်​​လျှောက်​မယ့်သူ ၃ ကြိမ်​လုံးမှာမှ ပထမဦးဆုံး ပန်းဝင်​တဲ့သူ ပထမဦးဆုံး​ခြေလှမ်း ၁၀၀၀၀ ပြည့်တဲ့လူ ၈၀၀ ကို​တော့ အမှတ်​တရအ​နေနဲ့ ၁ သောင်းခွဲတန်​တဲ့ ဆွဲပြား​လေး​တွေ​ ပေးသွားမှာ ဖြစ်​တယ်။ ​နောင်​နှစ်​​ကို ​တောင်​ကြီးဘက်​မှာ ပြုလုပ်​သွားမယ်”​လို့ ပြောပါတယ်​။ ပြိုင်ပွဲဝင်တွေဟာ မန္တ​လေး စည်​ပင်​သာယာရုံး​ရှေ့က​နေ မနက်​ ၅ နာရီမှာ စတင်​တာထွက်​ပြီး ကျုံးတပတ်​ ပတ်​ကာ ကျုံးအ​ရှေ့ဘက်​ ၆၆ လမ်း ၁၉ လမ်းအ​ကျော်​မှာ အဆုံးသတ်မှာ ဖြစ်​ပါတယ်​။
3 years Ago
Up