ခြေစွမ်း‌ကောင်းတယ်‌ဆို

October 28, 2016

ခြေစွမ်း‌ကောင်းတယ်‌ဆို အချိန်‌မ‌ရွေး‌ နေရာဖယ်‌‌ပေးဖို့ အသင့်ပဲ - ‌ပိုက်‌‌ကျော်‌ခြင်းကစားသမား ‌ဇော်‌လတ်‌

အဖွဲ့ချုပ်နဲ့ ချိတ်‌ဆက်‌လာပြီး လက်‌‌ရွေးစင်‌‌တွေထက်‌‌ ခြေစွမ်း‌ကောင်းတယ်‌ဆိုရင်‌ အချိန်‌မ‌ရွေး‌ နေရာဖယ်‌‌ပေးဖို့ အသင့်ပါပဲလို့ ပိုက်‌‌ကျော်‌ခြင်းကစားသမား ‌ဇော်‌လတ်‌က‌ ပြောကြားလိုက်‌ပါတယ်‌။ သူ့အ‌နေနဲ့ တကယ်‌တမ်း‌ခြေစွမ်း‌ကောင်းပြီး‌တော့ နိုင်‌ငံအတွက်‌ ဂုဏ်‌‌ဆောင်‌နိုင်‌မယ့် ကစားသမား‌တွေ‌ ပေါ်ထွက်‌လာမယ်‌ဆိုရင်‌ အချိန်‌မ‌ရွေး ကြိုဆိုဖို့အသင့်ပါပဲလို့ ဆိုပါတယ်‌။ ဒါ့‌ကြောင့်လည်း အဖွဲ့ချုပ်‌က ပြုလုပ်‌တဲ့ ပြိုင်‌ပွဲ‌တွေကို ဝင်‌‌ရောက်‌ယှဉ်‌ပြိုင်‌ပြီး‌တော့ ချိတ်‌ဆက်‌ကစားကြဖို့ တိုက်‌တွန်းလိုက်‌တာပါ။ ဆီးဂိမ်း‌ရွှေတံဆိပ်‌ ၄ ဆုနဲ့ အာရှဂိမ်း ‌ရွှေ ၂ ဆုထိ ရရှိထားခဲ့တဲ့ ပိုက်‌‌ကျော်‌ခြင်း ကစားသမား‌ ဇော်‌လတ်ဟာ လာမယ့် မ‌လေးရှားဆီးဂိမ်းမှာ ပါဝင်‌ကစာနိုင်‌ဖို့လည်း ပြန်‌လည်‌ကြိုးစား‌နေပါတယ်‌။ ဒါ‌ပေမယ့် ‌စခန်းသွင်း‌လေ့ကျင့်တဲ့ အချိန်‌ကာလဟာ ကြာမြင့်တာ‌ကြောင့် မိသားစုနဲ့ ညှိနှိုင်း‌နေရတဲ့ အ‌ခြေအ‌နေ ဖြစ်‌‌နေပါတယ်‌။ သူက‌တော့ ‌လေ့ကျင့်ချိန်‌ အကြာမြင့်ဆုံး ၅ လ ရရှိရုံနဲ့ သူ့ရဲ့ အ‌ကောင်းဆုံး‌ခြေစွမ်းကို ပြန်‌လည်‌ရရှိနိုင်‌တယ်‌လို့‌ ပြောပါတယ်‌။ လက်‌ရှိအချိန်‌မှာ ပိုက်‌‌ကျော်‌ခြင်းအားကစားအ‌နေနဲ့ မျိုးဆက်‌သစ်‌ကစားသမား‌ မွေးထုတ်‌‌ပေးနိုင်‌မှု အားနည်း‌နေပြီး‌တော့ အခြား‌သော ပြိုင်‌ဘက်‌နိုင်‌ငံအချို့ကလည်း ‌ခြေစွမ်း‌တွေ တက်‌လာ‌တာ‌ကြောင့် လာမယ့်ဆီးဂိမ်းမှာ ခက်‌ခက်‌ခဲခဲ ယှဉ်‌ပြိုင်‌ရဖွယ်‌ ရှိနေပါတယ်‌။
6 years Ago
Up