ခြေစစ်ပွဲအောင်မြင်ရန် ရုန်းကန်နေရသည့် အာဂျင်တီးနားအသင်း နည်းပြကို ထုတ်ပယ်

April 11, 2017

ခြေစစ်ပွဲအောင်မြင်ရန် ရုန်းကန်နေရသည့် အာဂျင်တီးနားအသင်း နည်းပြကို ထုတ်ပယ်

အာဂျင်တီးနားအသင်းက လက်ရွေးစင်နည်းပြ အက်ဂါဒိုဘာဇာကို ဧပြီ ၁၀ ရက်ေန့မှာ ထုတ်ပယ်လိုက်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရေးအတွက် တောင်အမေရိကဇုန် ခြေစစ်ပွဲတွေမှာ ရုန်းကန်နေရပါတယ်။ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်နဲ့ နည်းပြတို့ ညှိနှိုင်းအပြီးမှာ လမ်းခွဲလိုက်တာပါ။ လောလောဆယ် ခြေစစ်ပွဲ လက်ကျန်ပွဲ ၅ ပွဲ ကစားဖို့ ကျန်နေတဲ့အချိန်မှာ အာဂျင်တီးနားအသင်းက အမှတ်ပေးဇယားရဲ့ အဆင့် ၅ မှာ ရှိနေတဲ့အတွက် ခြေစစ်ပွဲအောင်ဖို့ မသေချာတဲ့ အနေအထား ဖြစ်နေပါတယ်။ ဒါ့အပြင် အားထားရတဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ ၄ ပွဲပယ်ပြစ်ဒဏ် ကျခံနေရပါတယ်။ တောင်အမေရိကဇုန်မှာ အဆင့် ၁ ကနေ ၄ အထိရတဲ့ အသင်းတွေဟာ ရုရှားက အိမ်ရှင်လုပ်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်မှာပါ။ တကယ်လို့ အာဂျင်တီးနားအသင်း အဆင့် ၅ နေရာပဲ ရခဲ့ရင် သမုဒ္ဒရာပိုင်းဇုန်ကအသင်းနဲ့ ထပ်မံယှဉ်ပြိုင်ရပြီး အနိုင်ရမှ ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။ မီဒီယာတွေမှာတော့ လစ်လပ်နေတဲ့ အာဂျင်တီးနားအသင်းနည်းပြ နေရာမှာ ဆီဗီလာအသင်း နည်းပြ ဂျောဂျီ ဆင်ပါလီက ရေပန်းစားနေပါတယ်။
4 years Ago
Up