ခြေချင်းဝတ်ဒဏ်ရာကြောင့် ဟာဇက် ၈ ပတ်ခန့် အနားယူရမည်

October 3, 2017

ခြေချင်းဝတ်ဒဏ်ရာကြောင့် လူကာကူ ဘယ်လ်ဂျီယံအသင်း ပွဲစဉ်များ လွဲချော်ဖွယ်ရှိ

မန်ယူတိုက်စစ်မှူး လူကာကူဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာ ရခဲ့တာကြောင့် ဘယ်ဂျီယံအသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ဖို့ ရှိနေပါတယ်။ လူကာကူရဲ့ ခြေချင်းဝတ်ဒဏ်ရာကို ဘယ်လ်ဂျီယံ ဆေးအဖွဲ့က ဓာတ်မှန်ရိုက်စစ်ဆေးနေပြီး ဘယ်လောက်အထိ အနားယူရမလဲဆိုတာ ပြောလို့မရသေးဘူးလို့ ဘယ်လ်ဂျီယံအသင်းက သတင်းထုတ်ပြန်ပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေအဖြစ် ဘော့စနီးယား၊ ဆိုက်ပရပ်စ်တို့နဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာပါ။ လူကာကူအနေနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းနဲ့အတူ ပွဲထွက်မလားဆိုတာ ဘယ်လ်ဂျီယံနည်းပြအပေါ်မှာ မူတည်နေပြီး အသုံးပြုသင့် မပြုသင့်နဲ့ ပတ်သက်ပြီး မပြောလိုတဲ့အကြောင်းလည်း နည်းပြမော်ရင်ဟိုက ပြောပါတယ်။ အသက် ၂၄ နှစ်ရှိ လူကာကူဟာ မန်ယူအသင်းမှာ ခြေစွမ်းပြနေသူဖြစ်ပြီး ၁၂ ပွဲကစားအပြီး ၁၅ ဂိုးအထိ သွင်းယူထားပါတယ်။
4 years Ago

June 6, 2017

ခြေချင်းဝတ်ဒဏ်ရာကြောင့် ဟာဇက် ၈ ပတ်ခန့် အနားယူရမည်

ဘယ်လ်ဂျီယံလက်ရွေးစင် ဟာဇက်ဟာ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ခြေချင်းဝတ်ဒဏ်ရာ ရခဲ့တာကြောင့် ၆ ပတ်ကနေ ၈ ပတ်လောက်ထိ အနားယူရပါတော့မယ်။ ဘယ်လ်ဂျီယံအသင်းဟာ ချက်၊ အက်စ်တိုးနီးယားတို့နဲ့ ယှဉ်ပြိုင်ကစားဖို့ရှိနေတာဖြစ်ပြီး ဟာဇက် ဒဏ်ရာရသွားတာကြောင့် အဲဒီပွဲတွေကို လွဲချော်တော့မှာပါ။ အသက် ၂၆ နှစ်ရှိ ဟာဇက်ဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့အတူ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပါတယ်။ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းကလည်း ဟာဇက်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးတဲ့အတွက် အသင်းအပေါ်မှာပဲ အာရုံစိုက်ထားတယ်လို့ ဟာဇက်က ပြောပါတယ်။ ဟာဇက်အနေနဲ့ သူ့ရဲ့ ခြေချင်းဝတ်ဒဏ်ရာကို ဆက်လက်စစ်ဆေးရမှာဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့ ရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုလည်း လွဲချော်ဖွယ်ရှိနေပါတယ်။
4 years Ago
Up