အေးချမ်းစွာနေလိုသည့်

September 2, 2017

အေးချမ်းစွာနေလိုသည့် ဘင်္ဂါလီများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထောက်ပံ့ပစ္စည်းများ ပေးအပ်

အေးချမ်းစွာနေထိုင်လိုကြတဲ့ မောင်တောမြို့နယ်က ဘင်္ဂါလီလူမျိုးတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထောက်ပံ့ပစ္စည်းတွေ ပေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့ မွန်းလွဲပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မောင်တောမြို့နယ်၊ ပန်းတောပြင် အနောက်ကျေးရွာကိုရောက်ရှိပြီး အဲဒီကျေးရွာက ဘင်္ဂါလီလူမျိုးတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးတာကို ကြည်ကြည်ဖြူဖြူ လက်ခံခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံ မေးမြန်းရာမှာလည်း ရခိုင်ပြည်နယ်မြောက်ခြမ်းမှာ ဖြစ်နေတဲ့ ARSA အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်တာတွေကို လုံးဝလက်မခံကြောင်း၊ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက် သွားချင်တဲ့အကြောင်း၊ အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှု သတင်းတွေကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပေးသွားမယ်လို့ ပြောတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အေးချမ်းစွာနေထိုင်လိုကြတဲ့ ပန်းတောပြင် အနောက်ကျေးရွာက ဘင်္ဂါလီလူမျိုးတွေအတွက် စားသောက်ဖွယ်ရာတွေနဲ့ လူသုံးကုန်ပစ္စည်းတွေကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
4 years Ago
Up