အေးခဲကြက်ဆင်များကို ဆီဖြင့်ကြော်ပါက မီးလောင်မှုဖြစ်ကြောင်း သတိပေး

A d v e r t i s e m e n t With Us

November 25, 2016

အေးခဲကြက်ဆင်များကို ဆီဖြင့်ကြော်ပါက မီးလောင်မှုဖြစ်ကြောင်း သတိပေး

ကျေးဇူးတော် အောက်မေ့ပွဲအတွက် အေးခဲထားတဲ့ ကြက်ဆင်တွေကို အပူပြင်းပြင်းနဲ့ ကြော်တဲ့စက်ထဲကို တိုက်ရိုက်မထည့်ဖို့ အမေရိကန် စားသုံးသူ ထုတ်ကုန်ဘေးကင်းရေး ကော်မရှင်က သတိပေးလိုက်ပါတယ်။ အေးခဲကြက်ဆင်ကို တိုက်ရိုက်ကြော်ခဲ့ရင် ဆီနဲ့ မီးတောက်တွေအဖြစ် ပေါက်ကွဲသွားတဲ့ ရလဒ်ကိုလည်း ရုပ်သံ ဖြန့်ချိ သတိပေးခဲ့ပါတယ်။ နှစ်တိုင်း ကျေးဇူးတော် အောက်မေ့ပွဲနေ့မှာ ချက်ပြုတ်ရာက မီးလောင်မှု ပျမ်းမျှ အကြိမ်ရေ ၁၄၀၀ လောက် ရှိတယ်၊ ဒါဟာ တနှစ်လုံး ကျန်တဲ့နေ့တွေမှာ ချက်ပြုတ်ရာက မီးလောင်မှု စုစုပေါင်းရဲ့ ၃ ဆ ကျော်တယ်လို့ ကော်မရှင်က ကြေညာချက် ထုတ်ပြန်ပါတယ်။ ၂၀၀၄ ခုနှစ်ကနေ ခုထိ ကြက်ဆင်ကြော်ရာက မီးလောင်မှု ၁၀၇ မှုရှိပြီး လူ ၄၇ ဦး ဒဏ်ရာရခဲ့တာ သတိပြုမိတယ်။ အိုးအိမ်ပိုင်ဆိုင်မှုတွေ ဆုံးရှုံးတဲ့အတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ သန်းဖိုး ပျက်စီးခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။ အမေရိကန်နိုင်ငံသားတွေဟာ ကျေးဇူးတော် အောက်မေ့ပွဲမှာ မိသားစုတွေ စုဆုံကြပြီး ကြက်ဆင်သားညစာကို စားလေ့ရှိပါတယ်။ ခရစ္စမတ် အားလပ်ရက်အတွင်း ကြက်ဆင်ကောင်ရေ ၂၂ သန်းနဲ့ ကျေးဇူးတော် အောက်မေ့ပွဲအတွက် ကြက်ဆင်ကောင်ရေ ၄၆ သန်းလောက်ကို စားသုံးလေ့ရှိပါတယ်။
4 years Ago
Up