အေးခဲနေသည့်မြစ်ထဲ ပြုတ်ကျသွားသည့် ကားအတွင်းမှ ပိတ်မိနေသည့် လူ ၅ ဦးကို ကယ်တင်

January 3, 2017

အေးခဲနေသည့်မြစ်ထဲ ပြုတ်ကျသွားသည့် ကားအတွင်းမှ ပိတ်မိနေသည့် လူ ၅ ဦးကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်မြောက်ဘက် ရှင်ကျန်း ဝီဂါ (Xinjiang Uygur) ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ အနောက် အူရမ်ကီ (Urumqi) ရဲ့ ၂၀၀ ကီလိုမီတာ ဝန်းကျင်လောက်မှာရှိတဲ့ နီလ်ခါ (Nilka) ခရိုင် မြစ်တခုထဲကို ဇန်နဝါရီ ၁ ရက်နေ့က ကားတစီး အရှိန်မထိန်းနိုင်ဘဲ ပြုတ်ကျသွားခဲ့ပါတယ်။ အနုတ် ၁၂ ဒီဂရီဆဲလ်စီးရပ်စ်ထိအောင် အေးခဲနေချိန်မှာ ပြုတ်ကျတဲ့ကားထဲ လူ ၅ ဦးပါသွားပြီး ပိတ်မိနေခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ပိတ်မိနေတဲ့ ခရီးသည်တွေကို ကယ်ဆယ်ဖို့ အစွမ်းကုန် ကြိုးစားနေကြတာကို တွေ့မြင်ရမှာပါ။ သုံးနာရီလောက်ကြာပြီးမှ ကားကို ရေထဲမှ ဆယ်ယူနိုင်ခဲ့ပြီး ကားထဲပါသွားခဲ့တဲ့ ခရီးသည် ၅ ဦးကိုလည်း အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
5 years Ago
Up