အေအေ

A d v e r t i s e m e n t With Us

July 26, 2019

ဘူးသီး​တောင်​ ညောင်​ချောင်းရဲစခန်းကို အေအေတပ်ဖွဲ့ ၀င်တိုက်၊  ရဲ ၂ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီး​တောင်​မြို့နယ်​၊ ညောင်​ချောင်းရဲစခန်းကို ဇူလိုင်​ ၂၆ ရက်​​ မနက်မှာ အေအေတပ်ဖွဲ့က ၀င်တိုက်​ခိုက်​ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်​ရာရသွားတယ်လို့ တပ်​မ​တော်​ သတင်းမှန်​ပြန်​ကြား​ရေးအဖွဲ့ရဲ့ အတွင်း​ရေးမှူး ဗိုလ်​ချုပ်​​ ဇော်​မင်းထွန်းက ဒီဗွီဘီကို အတည်​ပြု ​ပြောပါတယ်​။ “မနက်​ ၄ နာရီ​လောက်​က ဘူးသီး​တောင်​မြို့နယ်​၊ ​ညောင်​​ချောင်းစခန်းကို ​အေ​အေက ၀င်​တိုက်​တယ်​။ အပြန်​အလှန်​တိုက်​ပွဲ ၁ နာရီ​လောက်​ဖြစ်​တယ်။ ရဲ ၂ ဦး ဒဏ်​ရာရရှိတယ်​။ ​​ညောင်​​ချောင်းစခန်း​တော့ ကျမသွားခဲ့ဘူး။ အေ​အေ အ​လောင်းတလောင်းနဲ့ လက်​နက်​​တွေ သိမ်းဆည်းရမိတယ်​။ အခု နယ်​ခြား​စောင့်​နဲ့ တပ်​က နယ်​​မြေလိုက်​လံရှင်းလင်း​နေတယ်​” လို့​ ပြောပါတယ်။ တိုက်​ပွဲဖြစ်​​စဉ်မှာ ​အရပ်​သား  ၂ ဦး​လောက်​လည်း ဒဏ်​ရာရသွားခဲ့လို့ ဘူး​သီးတောင်​​ဆေးရုံကို ပို့​ဆောင်​ဖို့ ​ဆောင်​ရွက်​​နေတယ်​လို့လည်း ပြောပါတယ်။ အေ​အေအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ  ခိုင်​သုခကတော့ ဒီတိုက်ပွဲမှာ အေအေတပ်ဖွဲ့ဝင်တွေ ကျဆုံးတာမရှိတဲ့အကြောင်းနဲ့ သတိပေးတဲ့အနေနဲ့ ရဲစခန်းကို တိုက်ခိုက်တာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့က ​ညောင်​​ချောင်းစခန်းကို သတိ​ပေးတိုက်​ခိုက်မှု ပြုလုပ်​တဲ့အဆင့်​သာ ပြုလုပ်​တာပါ။ ကျေန်ာတို့ဘက်က ကျဆုံးတာ တဦးမှ မရှိပါဘူး။ စစ်​တပ်​ဘက်​က ကျဆုံးတာကို​တော ကျနော်တို့ မသိရ​သေးဘူး။ ​ညောင်​​ချောင်းစခန်းကို မနက်​ ၄ နာရီမှာ ၀င်​​ရောက်​တိုက်​ခိုက်​တာပါ။ ဘာအတွက်​ တိုက်​ခိုက်​ရသလဲဆိုရင်​ ​ညောင်​​ချောင်း ရဲစခန်းမှာ တပ်​မ​တော်​ကလည်းနေတယ်​။ နယ်​​စောင့်​လည်းရှိတယ်။ ပြည်​သူ​တွေကို အမြဲတမ်း အနိုင်​ကျင့် ဗိုလ်​ကျတယ်​။ ဒါ​ကြောင့်​ သတိပေးတဲ့ အ​နေနဲ့ တိုက်​ခိုက်​လိုက်​တာဖြစ်​တယ်​” ဘူးသီးတောင်​မြို့နယ်​ရှိ  ညောင်​​ချောင်း​ကျေးရွာမှာ​ အိမ်​​ခြေ ၉၀ လောက်ရှိပြီး လူဦး​ရေ ၈၀၀ လောက်နေထိုင်ကြကာ ညောင်​​ချောင်းရဲစခန်းကတော့  ရဲတပ်ဖွဲ့ဝင် အင်​အား ၃၀ လောက်ရှိတဲ့ စခန်းတခုဖြစ်ပါတယ်။ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘူးသီး​တောင်​မြို့နယ်​ အုပ်​ချုပ်​​ရေးမှူး ​ကျော်​မင်းထွန်းက​ “တိုက်​ပွဲဖြစ်​တယ်​လို့ သိရတယ်​။ ဘယ်​အဖွဲ့နဲ့ ဖြစ်​တာလဲတော့ မသိပါဘူး စုံစမ်းတုန်းပါ” လို့ ပြောပါတယ်။ တိုက်ပွဲမှာ တပ်​မ​တော်​က ​လက်​နက်​ကြီးတွေနဲ့ အဆက်​မပြတ်​ပစ်​ခတ်​​နေတာကြောင့် ညောင်​ချောင်း ကျေးရွာသားတွေ ဘေးလွတ်​ရာသို့ ထွက်​​ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
2 years Ago

June 20, 2019

အေအေနှင့် ဆက်သွယ်သည်ဟု သံသယဖြင့် ဖမ်းဆီးခံထားရသူ ၅၀ ကျော်ကို ရုံးထုတ်

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်ပိုင်း အေအေနဲ့ဆက်နွှယ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားသူ  ၅၀ ကျော်ကို ဒီကနေ့ ဇွန်လ ၂၀ ရက်မှာ စစ်တွေမြို့နယ် တရားရုံးမှာ စုပေါင်းပြီး ရုံးထုတ်ခဲ့ပါတယ်။ ရုံးထုတ်တဲ့အခါမှာ သူတို့ဖမ်းဆီးထားတဲ့ ဖြစ်စဉ်တွေအလိုက် တဖွဲ့ချင်းစီရုံးထုတ်တာ ဖြစ်ပြီး မြောက်ဦးမြို့နယ် လက္ကာကျေးရွာဖြစ်စဉ်က အရပ်သား ၂၄ ဦး၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာဖြစ်စဉ်က ၈ ဦး၊ မြောက်ဦးမြို့နယ် အောက်သားကန်ဖြစ်စဉ်က ၅ ဦး၊ ကျောက်တော်မှာ ကားနဲ့သွားစဉ်အဖမ်းခံခဲ့ရတဲ့ သံဃာတော် ၂ ပါးနဲ့ အရပ်သား ၃ ဦး ရုံးထုတ်ခဲ့ ပါတယ်။ ဒါ့အပြင်မြောက်ဦးမြို့နယ် ကျောင်းတောင်၊ ချောင်းသစ်၊ အောင်မင်္ဂလာ၊ မင်းပြားမြို့နယ် အိုင်ဝမ်း၊ စစ်တွေမြို့နယ် ကျောက်တန်းစတဲ့ ကျေးရွာတွေက ၁၂ ဦးတို့ကိုလည်း ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတချို့ဟာ အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေပုဒ်မ ၅၀(က) ၅၀ (ဈ) နဲ့ စတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားကြရတာလို့ မိသားစုဝင်တွေရဲ့ ပြောကြားချက်အရသိရပါတယ်။ အဲဒီထဲကတချို့ကို စစ်တွေမြို့နယ် တရားရုံးက အချုပ်သားဆောင်မှာ ညနေပိုင်းအထိ ချုပ်လှောင်ထားပေမဲ့ တချို့ကိုတော့ ရမန်ယူကာ ထိန်းသိန်းခံထားရတဲ့ စစ်တွေမြို့မစခန်းကို ချက်ချင်းပြန်ပို့ခဲ့ပါတယ်။ အဲဒီအထဲက လက္ကာဖြစ်စဉ်မှာ ဖမ်းဆီးခံရသူတွေထဲမှာ တချို့ဟာ ကျန်းမာရေး အခြေအနေ တွေဆိုးရွားနေတာကြောင့် မိသားစုဝင်တွေက ဆေးကုသခွင့်ပေးဖို့ တောင်းဆိုကြပါတယ်။ ဒါ့အပြင်ကျောင်းဖွင့်ရာသီဖြစ်တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို အပြစ်မရှိက လွှတ်ပေးဖို့ စတဲ့အချက်တွေကို အဲဒီရုံးထုတ်မှာတောင်းဆိုခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်လာပြီး နောက်ပိုင်း အရပ်သားတွေ မိုင်းထိ၊ လက်နက်ကြီးကျတာတွေကြောင့် သေဆုံးဒဏ်ရာရတာတွေရှိသလို ဖြစ်စဉ်တွေအတွင်း သံသယနဲ့ ဖမ်းဆီးခံရမှုတွေလည်း မြင့်တက် လာပါတယ်။ ဒါ့အပြင် အဲ့ဒီတိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၄၆၀၀၀ ကျော်ဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
2 years Ago
More News
Up