အော်တိုဆိုင်ကယ်

May 18, 2018

မြိတ်တွင် အော်တိုဆိုင်ကယ်များ နည်းပညာသစ်ဖြင့် ပြုပြင်ပေးနိုင်ရန် သင်တန်းပို့ချ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ အော်တိုဆိုင်ကယ်တွေကို နည်းပညာသစ်နဲ့ ပြုပြင်ပေးနိုင်ဖို့  မေလ ၁၈ ရက်က မြိတ်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ သင်တန်းပို့ချပေးခဲ့ပါတယ်။ ဆိုင်ကယ်ဝပ်ရှော့ ညီအစ်ကိုများအဖွဲ့က ဦးဆောင်ပြီး ထိုင်းနိုင်ငံမှ EFI ကုမ္ပဏီက ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဒီသင်တန်းကို စီစဉ်ဖြစ်တာပါ။ မြိတ်မြို့မှာ ဆိုင်ကယ်ပြင်ဆိုင် အများအပြားရှိပေမယ့် ဒီဂျစ်တယ်နည်းပညာနဲ့ လာရောက်သင်ကြား ပို့ချပေးတာ ဒုတိယအကြိမ်ဖြစ်ပြီး မျိုးဆက်သစ်လူငယ်တွေကို ပြန်လည်သင်ကြားပို့ချပေးမယ်လို့ ဆိုင်ကယ်ဝပ်ရှော့ ညီအစ်ကိုများအဖွဲ့မှ အဖွဲ့တာဝန်ခံ ကိုဝေယံထွန်းကပြောပါတယ်။  “ဆိုင်ကယ်ဝပ်ရှော့ဆရာတွေကို ဆိုင်ကယ်ပြုပြင်တဲ့ နည်းပညာ မြင့်မားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ထိုင်းနိုင်ငံက ဆရာတွေကို ဖိတ်ခေါ်ပြီး သင်တန်းပို့ချတာ ဖြစ်တယ်။ နောက်လာမယ့်မျိုးဆက်သစ်တွေကို ကျနော်တို့က အခုသင်ယူတဲ့ ပြုပြင်တဲ့နည်းပညာတွေနဲ့ ပြန်ပီးတော့ လက်ဆင့်ကမ်းမျှ ဝေပေးနိုင်မယ်။ ဒါမှလည်း မျိုးဆက်သစ်တွေဟာ ကျနော်တို့ထက် ပိုလေ့လာနိုင်မယ်၊ တတ်မြောက်နိုင်မှာ ဖြစ်တယ်” မြိတ်မြို့မှာ ဆိုင်ကယ်ပြုပြင်တဲ့ဆိုင် ၂၀၀ ကျော်ရှိပြီး ဆိုင်ကယ်ဝပ်ရှော့ ညီအစ်ကိုများအဖွဲ့ သင်တန်းကို သင်တန်းသား  ၁၂၀ လောက် တက်ရောက်ခဲ့တယ်သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
3 years Ago
Up