အော်စကာ အကောင်းဆုံးဇာတ်ပို့မင်းသားဆု မဟာရှာလာ အာလီ ရရှိ

February 27, 2017

အော်စကာ အကောင်းဆုံးဇာတ်ပို့မင်းသားဆု မဟာရှာလာ အာလီ ရရှိ

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့ ဟောလိဝုဒ်မှာ ၈၉ ကြိမ်မြောက် အော်စကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပနေပြီး အကောင်းဆုံးဇာတ်ပို့ မင်းသားဆုကို "Moonlight" ဇာတ်ကားမှ မင်းသား မဟာရှာလာ အာလီ (Mahershala Ali) က ရရှိပြီး အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုကို "Fences" ဇာတ်ကားမှ မင်းသမီး ဗီအိုလာ ဒါဗီစ် (Viola Davis) က ရရှိခဲ့ပါတယ်။ အကောင်းဆုံးအဝတ်အစားဒီဇိုင်းဆုကို "Fantastic Beasts and Where to Find Them" ဇာတ်ကားကရရှိပြီး အကောင်းဆုံး မိတ်ကပ်နဲ့ ဆံပင်ပုံစံဆုကို "Suicide Squad" ဇာတ်ကားက ရရှိခဲ့ပါတယ်။ အကောင်းဆုံးအသံတည်းဖြတ်ဆုကို "Arrival" ဇာတ်ကားကရရှိပြီး အကောင်းဆုံး မှတ်တမ်းတင်ရုပ်ရှင်ကားဆုကို "O.J.: Made in America" ဇာတ်ကားက ဆွတ်ခူးရရှိသွားပါတယ်။ တကမ္ဘာလုံးက ရုပ်ရှင်ချစ်သူတွေ စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အကောင်းဆုံးမင်းသားဆု၊ မင်းသမီးဆု၊ ဇာတ်ကားဆုနဲ့ ဒါရိုက်တာဆုတွေကို မကြာခင် ဆက်လက်ကြေညာပေးမှာ ဖြစ်ပါတယ်။
4 years Ago
Up