အော်စကာဆု ချီးမြှင့်ခံရ

A d v e r t i s e m e n t With Us

November 14, 2016

မင်းသားကြီး ဂျက်ကီချန်း အော်စကာဆု ချီးမြှင့်ခံရ

သရုပ်ဆောင်သက်တမ်း နှစ်ပေါင်း ၅၀၊ ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀၀ ကျော်ကို ရိုက်ကူးခဲ့တဲ့ တရုတ်ဂန္ထဝင်ကွန်ဖူးမင်းသားကြီး ဂျက်ကီချန်းဟာ နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ အနှစ်နှစ်အလလက မျှော်လင့်လာခဲ့တဲ့ အော်စကာဆုကို လက်ခံရရှိသွားပါပြီ။ နှစ်စဉ်ချီးမြှင့်တဲ့ Governors Awards ဆုပေးပွဲ အခမ်းအနားမှာ ဂျက်ကီချန်းကို ဂုဏ်ထူးဆောင် အော်စကာဆု ချီးမြှင့်လိုက်တာပါ။ ဆုလက်ခံယူရင်းနဲ့ ဂျက်ကီချန်းက “ရုပ်ရှင်ဇာတ်ကားပေါင်း ၂၅၀ ကျော်မှာ သရုပ်ဆောင်ခဲ့တဲ့အချိန် အရိုးတွေကျိုးခဲ့ပေါင်းလည်း မနည်းပါဘူး” လို့ အမှတ်တရ စကားပြောပါတယ်။ ဂျက်ကီချန်းအတွက် အော်စကာဆုကို Rush Hour ဇာတ်ကားမှာ သူနဲ့ တွဲဖက် သရုပ်ဆောင်ခဲ့တဲ့ ခရစ္စ တပ်ကာ (Chris Tucker) က ချီးမြှင့်ပေးပါတယ်။ အရင်က အော်စကာဆုပေးပွဲ အခမ်းအနားကို သူ့ဖခင်နဲ့ အတူကြည့်ခဲ့တဲ့ အချိန်တိုင်းမှာ  အော်စကာဆုနဲ့ အလွဲကြီးလွဲနေတဲ့ သူ့ကို သူ့အဖေက “တခြားဆုပေါင်းများစွာ ရခဲ့ပေမယ့် ဟောလိဝုဒ်ရဲ့ အမြင့်ဆုံးဆုကို ဘာကြောင့် မရသေးတာလဲလို့ အမြဲတမ်း မေးခဲ့တယ်" လို့လည်း ဂျက်ကီချန်းက အမှတ်တရ ပြန်ပြောပြပါတယ်။ ဆုပေးပွဲ အခမ်းအနားမှာ အသက် ၈၈ နှစ်အရွယ် ဝါရင့်ဒါရိုက်တာ Stalmaster၊ အသက် ၉၀ အရွယ် ဝါရင့်ရုပ်ရှင်တည်းဖြတ်သူ Coates နဲ့ မှတ်တမ်းရုပ်ရှင်တွေနဲ့ နာမည်ကြီးခဲ့တဲ့ အသက် ၈၆ နှစ်အရွယ် Wiseman တို့ကိုလည်း ဂုဏ်ထူးဆောင် အော်စကာဆုတွေကို ချီးမြှင့်ပေးခဲ့ပါတယ်။
4 years Ago
Up