အော်စကာဆုပေးပွဲ

A d v e r t i s e m e n t With Us

February 29, 2016

အော်စကာဆုပေးပွဲကို အသားအရောင်ကွဲပြားမှု ကင်းမဲ့ဟု စွပ်စွဲပြီး ဆန္ဒပြ

အော်စကာဆုပေးပွဲမှာ အသားအရောင် ကွဲပြားမှု ကင်းမဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖေဖော်ဝါရီ ၂၈ ရက် ဆန္ဒပြပွဲကို အရပ်ဘက် အခွင့်အရေး တက်ကြွလှုပ်ရှားသူ သိက္ခာတော်ရ ဘုန်းတော်ကြီး အယ်လ် ရှာ့ပ်တွန်က ဦးဆောင်ပါတယ်။ ရှာ့ပ်တွန်က ဟောလိဝုဒ်မှာ ဒီအတွက် နောက်ထပ် ဆင်ခြေမရှိဘူးလို့လည်း အော်စကာဆုပေးပွဲ မတိုင်ခင် အကြိုညမှာ အခိုင်အမာ ပြောပါတယ်။ ဒီဆန္ဒပြပွဲကို ဟိုက်လန်းနဲ့ ဆန်းဆတ်လမ်းဆုံမှာ ဆန္ဒပြသူ အယောက် ၅၀ လောက် ပူးပေါင်းခဲ့ပြီး လူစိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ခဲ့တာပါ။ အော်စကာဆုကို လူဖြူတွေကပဲ ရလေ့ရှိလို့ အများပြည်သူ အာရုံစိုက်မိအောင် ရည်ရွယ်တဲ့ #OscarsSoWhite လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ "မနှစ်က အော်စကာ ထိပ်တန်းလျာထားသူ စာရင်းထဲမှာ လူဖြူတွေချည်း ပါခဲ့လို့ အကယ်ဒမီနဲ့ ရုပ်ရှင်လုပ်ငန်းကို သတိပေးစာ ပေးခဲ့တယ်၊ သူတို့က ပိုကောင်းအောင်လုပ်ဖို့ အခွင့်အရေးပေးပါလို့ ပြောခဲ့တယ်။ ကျနော်တို့က အခွင့်အရေးပေးပေမယ့် သူတို့က ဘာမှ မလုပ်ခဲ့ဘူး" လို့ ရှာ့ပ်တွန်က လူအုပ်ကို ပြောပါတယ်။ ဒီနှစ်မှာ လူမည်း ရုပ်ရှင်မင်းသား ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတွေ ရှိနေပြီး အပြောင်းအလဲအတွက် တောင်းဆိုတယ်လို့လည်း သူက ဆိုပါတယ်။ အော်စကာဆုပေးပွဲကို စီစဉ်သူ ရုပ်ရှင် ဝိဇ္ဇာနဲ့ သိပ္ပံ အကယ်ဒမီက ရည်မှန်းချက် ကြီးမားတဲ့ စီမံကိန်းအရ ၂၀၂၀ မှာ အမျိုးသမီးတွေနဲ့ တိုင်းရင်းသားတွေ အဖွဲ့ဝင်ဖြစ်ရေး ထပ်ဆင့် ကတိပေးခဲ့ပါတယ်။ မဲပေးခွင့်ရ အဖွဲ့ဝင်ဟောင်းတချို့ကို ထုတ်ပယ်ဖို့လည်း ကတိထဲမှာ ပါပါတယ်။ ဒီနှစ် အကယ်ဒမီ တစ်ကြိုပေးတဲ့ စာရင်းထဲက ရုပ်ရှင်ထုတ်လုပ်သူနဲ့ သရုပ်ဆောင်တွေဟာ လူဖြူတွေချည်း ဖြစ်နေခဲ့တာပါ။ လူမည်းနဲ့ အာရှ အပါအဝင် တခြား အသားအရောင်ရှိသူတွေ မပါတဲ့အချိန်မှာ ခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
5 years Ago
Up