ကိုယ်ဝန်ဆောင်ထားရတဲ့ အမေရိကန် တင်းနစ်မယ် စရီနာ ၀ီလျံစ်ဟာ သားဦးဖြစ်တဲ့ သမီးငယ်ကို အောင်အောင် မြင်မြင်နဲ့ မွေးဖွားလိုက်ပါတယ်။
အသက် ၃၅ နှစ်အရွယ် ၀ီလျံစ်ဟာ လက်တွဲဖော်ဖြစ်တဲ့ အဲလက်စ် ဆိုဟေနီရန်နဲ့ ရထားတဲ့ ရင်သွေးကို ဖလော်ရီဒါမှာ ရှိတဲ့ စိန့်မယ်ရီ Medical Center မှာ မွေးဖွားလိုက်တာပါ။
စရီနာကို နာမည်ကြီး အားကစားသမားတွေနဲ့ အနုပညာအသိုင်းအ၀ိုင်းက ဂုဏ်ပြု စကားတွေ ပြောဆိုခဲ့ပါတယ်။
စရီနာဟာ ဂရန်းစလန်း ချန်ပီယံဆုဖလားပေါင်း ၂၃ ခု ရယူထားပြီး လာမယ့် ဇန်န၀ါရီလ သြစတြေးလျအိုးပန်းပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။
စရီနာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုလုံး အမျိုးသမီးတင်းနစ် လောကကို လွှမ်းမိုးထားသူလည်း ဖြစ်ပါတယ်။
5 years Ago