အောင်ဝင်းဇော်

September 7, 2018

ဦးကိုနီအမှု ဦးအောင်ဝင်းထွန်းကို စစ်မေးချိန် ကျန်းမာရေးကြောင့် နေ့တပိုင်းဖြင့် ရပ်နား

မြောက်ပိုင်းခရိုင်တရားရုံးမှာ ဦးကိုနီ အသတ်ခံရတာနဲ့ ပတ်သက်ပြီး စွဲချက်တင်ခံထားရတဲ့ ဦးအောင်ဝင်းထွန်းကို အဓိက စစ်မေးနေချိန် ကျန်းမာရေး အခြေနေကြောင့် ဒီကနေ့မှာ နေ့တပိုင်းနဲ့ ရပ်နားလိုက်ရပါတယ်။ မနက်ပိုင်းမှာ တရားလိုဘက်က ပြောသလို ညီအစ်ကိုဖြစ်တဲ့ အောင်ဝင်းဇော်ကို ဦးအောင်ဝင်းထွန်းက လွတ်မြောက်ဖို့ ကူညီခဲ့တာလို့ စွပ်စွဲထားမှုကို ထုခြေဖို့ မိခင်နာရေးမှာတောင် ညီအစ်ကိုတွေဖြစ်ကြတဲ့ ဦးအောင်ဝင်းထွန်း၊ ဦးအောင်ဝင်းခိုင်၊ ဦးအောင်ဝင်းဇော်တို့ မဆုံဖြစ်ကြတဲ့အကြောင်း ပြောဆိုနေချိန်မှာ ဆက်ပြီး မပြောနိုင်တော့တာကြောင့် တရားသူကြီးက အနားပေးခဲ့တာပါ။ ဒါပေမယ့် ထမင်းစားပြီး ရုံးပြန်ထုတ်ချိန်မှာတော့ ကျန်းမာရေးကြောင့် အနားတောင်းပြီး နောက်တပတ်ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။
5 years Ago

July 20, 2018

သက်သေခံပစ္စည်းအဖြစ် အောင်ဝင်းဇော်၏ ဘောင်းဘီကိုတင်သွင်းမှု တရားရုံးပယ်ချ

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အသတ်ခံရတဲ့နေ့မှာ အောင်ဝင်းဇော်ဝတ်ဆင်ခဲ့တဲ့ ဘောင်းဘီကို သက်သေခံပစ္စည်းအနေနဲ့  တင်ပြလာတာကို ရန်ကုန် မြောက်ပိုင်း ခရိုင်တရားရုံးက ပယ်ချလိုက်ပါတယ်။ ဒီနေ့ရုံးထုတ်မှာ အောင်ဝင်းဇော်ကို စစ်ဆေးမေးမြန်းနေတာဖြစ်ဖြစ်ပြီး သူရဲ့ရှေ့နေက ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ခြင်းမရှိခဲ့တဲ့ အခင်းဖြစ်တဲ့နေ့က အောင်ဝင်းဇော်ဝတ်ခဲ့တဲ့ ဘောင်းဘီကို သက်သေခံပစ္စည်းအဖြစ် တင်သွင်းခဲ့တာပါ။ ဒါပေမယ့်တရားလိုရှေ့နေက ကန့်ကွတ်ခဲ့တဲ့အတွက် ခရိုင်အထူးခုံရုံးတရားသူကြီးတွေက ၄၅မိနစ်ဝန်းကျင်လောက် ခဏနားပြီးမှ သက်သေခံတင်သွင်းတာကို ပယ်ချကြောင်း အမိန့်ချခဲ့တာပါ။ အမှုစစ်အရာရှိက အောင်ဝင်းဇော်ဟာ အခင်းဖြစ်ချိန်တုန်းက ပစ္စည်းတွေကို ပုဇွန်တောင်ချောင်းထဲမှာ ဖျောက်ဖျတ်ခဲ့တယ်လို့ တရားလိုပြသက်သေအဖြစ် အစစ်ခံချိန်တုန်းက ထွက်ဆိုထားပါတယ်။ တရားလွှတ်တော်ရှေ့နေဦးကိုနီ အသတ်ခံတဲ့အမှုအတွက် စွဲချက်တင်ခံထားရတဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုးတို့ကို ၆၂ ကြိမ်မြောက်အဖြစ် ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့  ရုံးထုတ်စစ်ဆေးနေတာ ဖြစ်ပါတယ်။
5 years Ago
Up