အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ် မကျေပွဲ ပြန်လည်ထိုးသတ်မည်

May 27, 2017

အောင်လအန်ဆန်းနှင့် ဘစ်ဒက်ရှ် မကျေပွဲ ပြန်လည်ထိုးသတ်မည်

MMA လက်ဝှေ့သမား အောင်လအန်ဆန်းဟာ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံဘစ်ဒက်ရှ်နဲ့ လာမယ့် ဇွန်၃၀ ရက်မှာ ရန်ကုန် သုဝဏ္ဏအားကစားရုံမှာ မကျေပွဲပြန်လည်ထိုးသတ်သွားဖို့ရှိပါတယ်။ ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်နဲ့ အောင်လအန်ဆန်းတို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ချန်ပီယံ ရွှေခါးပတ်လုပွဲအဖြစ် အောင်လအန်ဆန်းက စိန်ခေါ် ထိုးသတ်ခဲ့ပြီး အောင်လအန်ဆန်းက အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အောင်လအန်ဆန်းနဲ့ ထိုးသတ်မယ့် ဗစ်တယ်လီဘစ်ဒက်ရှ်ဟာ အသက် ၃၂ နှစ်ရှိပြီး ၂၀၁၂ မှာ MMA ပရော်ဖက်ရှင်နယ်ပွဲ စတင်ထိုးသတ်ခဲ့ရာမှာ  လက်ရှိအချိန်ထိ ၉ ပွဲကစား ၉ ပွဲအနိုင်ရထားပါတယ်။ MMA မစ်ဒယ်ဝိတ်တန်းရွှေခါးပတ်ကိုတော့ ၂၀၁၄ ခုနှစ်က ရရှိခဲ့တာပါ။ ဘစ်ဒက်ရှိနဲ့ မကျေပွဲအတွက် အပြင်းအထန်လေ့ကျင့်နေပြီး ဇွန် ၃၀ ရက်နေ့မှာ MMA ကမ္ဘာ့ရွှေခါးပတ်ချန်ပီယံဖြစ်ရမယ်လို့ အောင်လအန်ဆန်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာမှာ ရေးပါတယ်။ ဇွန် ၃၀ ရက် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဝမ်းချန်ပီယံရှစ် MMA ပြိုင်ပွဲကို "Light of a Nation" လို့ နာမည်ပေးထားပြီး အောင်လအန်ဆန်းနဲ့ ဘစ်ဒက်ရှ်တို့ရဲ့ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်လုပွဲအပြင် အခြား တွဲဆိုင်းတွေလည်း ပါဝင်ထိုးသတ်မှာဖြစ်ပါတယ်။ လွှမ်းမိုးအောင်  
4 years Ago
Up