အောင်လအန်ဆန်

July 4, 2019

အောင်လအန်ဆန် နိုင်ငံတကာဖိုက်တာဆု ချီးမြှင့်ခံရ

Fighters Only magazine က ချီးမြှင့်တဲ့ ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲဆုချီးမြှင့်ပွဲမှာ အောင်လအန်ဆန်က နိုင်ငံတကာ ဖိုက်တာဆု ချီးမြှင့်ခဲ့ခဲ့ရပါတယ်။ ကချင်တိုင်းရင်းသား အောင်လ အန်ဆန်ဟာ MMA ONE ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံရွှေခါးပတ်aတွရဲ့ လက်ရှိချန်ပီယံလည်းဖြစ်ပါတယ်။ World MMA  Awards ဆုတွေကို ဇူလိုင် ၄ ရက်က အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်စ်မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး MMA နဲ့ ပတ်သက်တဲ့ ဆုပေါင်း ၂၀ ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ အောင်လအန်ဆန်ဟာ  ဖိုက်တာဆု စကာတင် ၅ ဦးစာရင်းမှာလည်း ပါဝင်ခဲ့ပေမယ့် UFC ဟဲဗီးဝိတ်ချန်ပီယံ ဒယ်နီရယ် ကော်မီယာကရရှိသွားပါတယ်။ အောင်လအန်ဆန်အနေနဲ့ နိုင်ငံတကာ ဖိုက်တာဆုကို UFC ၀ိတ်တန်းအလိုက် လက်ရှိချန်ပီယံတွေဖြစ်ကြတဲ့ ခါဘစ်၊ အူစမန်၊အက်ဒီဆန်ယာနဲ့ Bellator မစ်ဒယ်ဝိတ်ချန်ပီယံမော့ဆာစီ စတဲ့ ဖိုက်တာတွေကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးဖိုက်တာဆုကိုတော့ UFC ချန်ပီယံ ၂ ဆုရှင်  ဘရာဇီး MMA ကစားသမား အမန်ဒါနူနက်စ်က ရရှိခဲ့ပါတယ်။ အကောင်းဆုံးပွဲစဉ်ကိုတော့ တိုနီ ဖာဂူဆန်နဲ့ အန်ဒိုနီပီတစ်တို့ ထိုးသတ်ခဲ့တဲ့ UFC ပွဲကို ရွေးချယ်ခဲ့ပါတယ်။ ကမ္ဘာ့ MMA ဆုချီးမြှင့်ပွဲကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ပြီး နှစ်စဉ် ဆု ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ Fighter of the Year Khabib Nurmagomedov Gegard Mousasi Dustin Poirier Daniel Cormier (winner) Aung La Nsang Female Fighter of the Year Valentina Shevchenko Tatiana Suarez Jessica Andrade Ilima-Lei Macfarlane Amanda Nunes (winner) International Fighter of the Year Khabib Nurmagomedov Kamaru Usman Israel Adesanya Gegard Mousasi Aung La Nsang (winner) Fight of the Year Robert Whittaker vs. Yoel Romero 2 - UFC 225 Thiago Santos vs. Jimi Manuwa - UFC 231 Douglas Lima vs. Rory Macdonald - Bellator 192 Dustin Poirier vs. Justin Gaethje - UFC on FOX 29 Tony Ferguson vs. Anthony Pettis (winner) - UFC 229
2 years Ago

May 8, 2019

MMA အမြင့်ဆုံးဆုအတွက် အောင်လအန်ဆန်ကို အွန်လိုင်းမဲပေးနိုင်

MMA လောကမှာ အမြင့်ဆုံးဆုတခုဖြစ်တဲ့ World MMA Awards ဆုရွေးချယ်မယ့်စာရင်းမှာ အောင်လအန်ဆန်ဟာ ဆန်ကာတင်စာရင်းထဲ ပါနေပြီး ပရိသတ်တွေ အနေနဲ့ အွန်လိုင်းကနေ မဲပေးနိုင်ပြီ ဖြစ်ပါတယ်။ ဧပြီလကုန်ပိုင်းက ထုတ်ပြန်ထားတဲ့ အဲဒီဆန်ကာတင်စာရင်းမှာ အောင်လအန်ဆန်ဟာ ဆုအမျိုးအစား နှစ်ခုအတွက် လျာထားခံရပြီး Charles ‘Mask’ Lewis Fighter of the Year ဆုနဲ့ International Fighter of the Year ဆုအတွက် လျာထားခံရတာပါ။ ဒီဆုတွေအတွက် ကိုယ်ကြိုက်တဲ့ ကစားသမားကို မဲပေးနိုင်ပြီး ပရိသတ်တွေအနေနဲ့ ဆုပေးပွဲဝက်ဘ်ဆိုက်ဖြစ်တဲ့ https://www.worldmmaawards.com/vote/ မှာ ဝင်ရောက်မဲပေးနိုင်ကာ ပရိသတ်အများဆုံး မဲပေးခံရတဲ့ ကစားသမားကို ရွေးချယ်ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ ဒီဆုပေးပွဲဟာ နိုင်ငံတကာ MMA လောကမှာ အမြင့်ဆုံးဆုတခုဖြစ်ပြီး ၂၀၀၈ ခုနှစ်က စတင်ပြုလုပ်တာဖြစ်သလို မြန်မာကစားသမား အနေနဲ့ကတော့ အခုမှ ပါဝင်ထည့်သွင်းခံရတာပါ။ ဒါနဲ့ပတ်သက်ပြီး အောင်လအန်ဆန်က “ဒီလိုဆုမျိုးမှာ ကျနော်ပါနေတာ သိရတဲ့အတွက် ကျနော်ကိုယ်တိုင်အတွက်ရော ကျနော့်ပရိသတ်တွေနဲ့ နိုင်ငံအတွက်ရော ဂုဏ်ယူရပါတယ်။ ကျနော့်အနေနဲ့ နိုင်ငံတကာ ပရိသတ်ကပေးတဲ့ Vote တွေထက် ကျနော့်နိုင်ငံက ပရိသတ်တွေကပေးမယ့် Vote တွေကို ပိုပြီး လိုလိုလားလား လက်ခံရယူချင်ပါတယ်။ ဒီဆုဟာ ကျနော့်ကို နိုင်ငံတကာအလယ်မှာ ပိုမိုသိလာစေမယ့်အပြင် ကျနော်တို့နိုင်ငံကိုလည်း ပိုပြီး လူသိများလာစေနိုင်မယ့် အခြေအနေမျိုးလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်ဟာ လက်ရှိမှာ ONE Championship Middle Weight နဲ့ Light Heavy Weight အဆင့် ကမ္ဘာ့ချန်ပီယံခါးပတ်တွေ ရထားပြီး ဒီနှစ်ထဲမှာ Heavy Weight ချန်ပီယံ Brandon Vera နဲ့ ယှဉ်ပြိုင်ရမယ့် Light Heavy Weight ချန်ပီယံကာကွယ်ပွဲအတွက် စတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
2 years Ago
More News
Up