အောင်လက်မှတ်ပေး

September 8, 2018

မြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်းသား/သူ ၃၀၀ ကျော်ကို အောင်လက်မှတ်ပေး

မြန်မာနိုင်ငံမှာ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်စားမေးပွဲကို ၀င်ရောက်ဖြေဆိုအောင်မြင်ခဲ့ကြတဲ့ ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်းကျောင်းတွေက ကျောင်းသား/သူ ၃၀၀ ကျော်ကို အောင်လက်မှတ်ပေးအပ်ခဲ့ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားပညာရေးကော်မတီ (BMWEC) အဖွဲ့ဝင် ကျောင်းပေါင်း ၂၁ ကျောင်းက ကျောင်းသားကျောင်းသူ ၃၂၀ ကို ဒီကနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မှာရှိတဲ့ ဆာသူးလေကျောင်းခန်းမဆောင်မှာ အောင်လက်မှတ်အပ်နှင်းပေးအပ်ပွဲ ကျင်းပခဲ့တာပါ။ အဌမတန်းအဆင့်အောင်မြင်သူ ၉၃ ဦးနဲ့ စတုတ္ထတန်းအဆင့်အောင်မြင်သူ ၂၂၇ ဦးတို့ကို အောင်လက်မှတ်တွေ အသီးသီးအပ်နှင်းခဲ့တာဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်အတွင်း မဲဆောက်မြို့ အပါအ၀င် ဆက်စပ် ၄ မြို့နယ်အတွင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းကျောင်းတွေမှာ ပညာသင်ကြားနေကြတဲ့ မြန်မာကလေးငယ် ၁၀၀၀၀ လောက်ရှိပါတယ်။ အရွယ်ရောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့် မရရှိကြတဲ့ မြန်မာကလေးငယ်အရေအတွက်ကလည်း ၁၀၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ
3 years Ago
Up