အောင်ဗလကျေးရွာ

February 2, 2019

ရခိုင်ငါးပိစစ်စစ်တွေ ထုတ်လုပ်နိုင်ဖို့ အခက်တွေ့နေတဲ့ အောင်​ဗလ ​ကျေးရွာလေး

ရခိုင်ပြည်နယ်၊ ​မောင်​​တောမြို့အနီး​ မြစ်ကမ်းနားဘေးရှိ အောင်​​ဗလ​ကျေးရွာ​လေးဟာ ရခိုင်​ငပိစစ်​စစ်​တွေ ထုတ်​လုပ်​ပြီး မြန်​မာပြည်​အနှံ့ တင်​ပို့​ရောင်းချ​နေတဲ့​ တံငါရွာလေး တရွာအဖြစ် လူသိများပါတယ်​။ ၂၀၁၆ ကျီးကန်းပြင်​ဌာနချုပ်​ အကြမ်းဖက်တိုက်​ခိုက်​ခံရပြီး​နောက်ဖြစ်ပွားခဲ့တဲ့​ ၂၀၁၇ အကြမ်းဖက်​မှုဖြစ်စဉ်တွေကြောင့် ရွာမှာရှိတဲ့ တံငါသည်​တွေဟာ  မြစ်​ပြင်​ကို ငါးပုဇွန်ရှာ​သွား​ရောက်​တာကို အာဏာပိုင်တွေက တားမြစ်ကန့်​သတ်​လိုက်​ပါတယ်။ ဒါ့အပြင် နယ်​ခြား​စောင့်တပ်နဲ့ ​ရေတပ်​တို့ကလည်း ရွာသားတွေကို တပတ်မှာ  ၃ ရက်​လောက်သာ ငါးပုဇွန်ရှာခွင့်ပြုပြီး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရမှာသာ မြစ်​ပြင်​ကို သွားခွင့်ရတာ ဖြစ်ပါတယ်။ လက်ရှိ ငပိထုတ်​လုပ်​သူတွေ ကြုံ​တွေ့​နေရတဲ့ အခက်​အခဲ့တွေကို ​အောင်​ဗလ​ကျေးရွာနေ တံငါသည်​ ဦး​ရွေထွန်းစိန်​က "ကျနော်တို့ အခုအခက်အခဲတွေက အဝေးကို ငါးရှာမထွက်ရဘူး။ တောင်ဘက်မှာ မကျည်းချောင်း၊ မြောက်ဘက်မှာ ကညင်ချောင်း အနီး လောက်သာ ငါးရှာခွင့်ပြုထားတယ်။ အဝေးကိုသွားရှာလို့မရတောဘူး။ ငါးရှာရင်လည်း ဟိုဘက်က တခါတခါ ငါးရနိုင်မယ့်အချိန် မိမိစိတ်ကြိုက် မထွက်ရဘူး။ အခြေအနေမကောင်းဆိုရင် လေးငါးရက်လောက် ငါးရှာခွင့်ပိတ်ထားတယ်။ သူတို့ခွင့်ပြုတဲ့ အချိန်မှာ ငါးရမရနိုင်တောဘူး။ ဒီရေ အတက်နဲ့မှ ငပိလုပ်နိုင်တဲ့ မျှင်ပုဇွန် က ရရှိတာပါ။ ဒီရေတက်ချိန်မှာ ရှာခွင့်မရ ဒီရေကျချိန်မှာ ခွင့်ပြုတော့ ဘယ်လို ရှာရတောမလဲ” လို့ ပြောပါတယ်။ ကုန်ကြမ်းမရလို့ ငါးပိများများမထုတ်လုပ်နိုင်  ငါးပိများများဝယ်မရတော့လို့ အရင်ကလို ကျောက်ဖြူနဲ့ ရန်ကုန်ကနေ ငါးပိအဝယ်ဒိုင်တွေကလည်း မလာကြတော့ဘူးလို့ ဆိုပါတယ်။ “တံငါသည်တွေဟာ အရင်က ငါးပိတစ်ပိဿာ ကျပ် ၅၀၀၀ လောက်​ရခဲ့ပေမယ့် အခု ကျပ် ၃၀၀၀ လောက်နဲ့ မောင်တောမြို့ကို ပတ်ပြီးရောင်းနေရတယ်။ အရက်က အဝယ်ဒိုင်တွေက ပိဿာ၁၀၀ဆိုလည်း ၀ယ်​တယ်​။ ၂၀၀ ဆိုလည်းဝယ် ယူသွားတယ်။ အခုက သူတို့ကလည်း ငပိအများကြီးမရတဲ့အတွက်​ မလာကြတော့ အခက်တွေ့နေရတယ်”လို့ ရွာသား တယောက်က ပြောပါတယ်။ အကြမ်းဖက်​မှုတွေ  မဖြစ်ခင် ​ ၂၀၁၄-၁၅ ခုနှစ်တွေတုန်းကတော့ ငါးပိအ၀ယ်​ဒိုင်​ တဒိုင်ကို ရခိုင်​ငါးပိ ပိဿာချိန်​ ၁၀၀၀၊ အ၀ယ်​ဒိုင်​ ၄ ဒိုင်​အတွက်​ငါးပိ ပိဿချိန်​ ၄၀၀၀ ​​လောက်​အထိ ထုတ်​လုပ်​​ရောင်းချ နိုင်ခဲ့တယ်လို့ သိရပါတယ်။ ငါးပိထုတ်လုပ်ရောင်းချတဲ့ မဖြူမက" အခုအခြေအနေက ရှာဖွေလို့မရပါ။ တပတ်မှာ ၃ ရက်သာသွားရတယ်။ ၄ ရက်က ပိတ်ထားတယ်။ မျှင်ရနိုင်မယ့် ညအချိန်တွေမှာ ရှာခွင့်မရ မနက် ၇ နာရီမှ သွားရတယ်။ ၄ နာရီမှာ ပြန်လာရတယ် ချောင်း/ မြစ်ထဲကို မဆင်းရဘူး။ နယ်ခြားစောင့်က ပိတ်ထားတယ်။ ရေတပ်က တားဆီးတယ်။  ဒါကြောင့် ငါးပိများစွာ မထုတ်လုပ်နိုင်တော့ဘူး ရတာကနည်းသွားတယ်။ ၇ ရက် တပတ်မှာမှ တဦး လေးပိဿာ ငါးပိဿာလောက်သာ ရတော့တယ်။ အရင်တုန်းက ဆိုရင် လူတဦး ပိဿာ ၅၀ လောက်အထိ ထုတ်လုပ်နိုင်တယ်"လို့ရှင်းပြပါတယ်။ ရခိုင်​ငါးပိဟာ မြန်​မာပြည်​မှာ  လူကြိုက်များပြီး ရခိုင်​အ​ခေါ် မျှင် ​သေးငယ်​​တဲ့ ပုဇွန်​ငယ်​​လေးတွေ သက်သက်နဲ့ လုပ်​ထားတာဖြစ်ပါတယ်​။ ရခိုင်ငါးပိစစ်စစ်​သာ အောင်ဗလကျေးရွာမှာ ထုတ်လုပ်တာဖြစ်ပြီး ငါးပိထုတ်လုပ်ပုံ အဆင့်ဆင့်ကိုတော့ ရွာသား  ဦး​ရွှေထွန်းစိန်​က “ ဒီငါးပိက မျှင်ရှယ်"လို့ခေါ်တယ် ဒီမျှင်ပုဇွန်ကို နေပူလှန်းတယ်။ တခါလှန်းတယ်။ ခြောက်လာယင် ထောင်းရတယ်။  ၂ စပ်ထောင်းရတယ်။ ၂ စပ်ထောင်ပြီးမှသာ ငပိကောင်းဖြစ်တယ်။ ၁ စပ်ထောင်းမယ် ပြန်ပြီလှန်းရမယ် နောက် ၁ ဆပ်ထောင်းရမယ်။ ဒီကငပိက အစစ်ပဲ။  မျှင်ရှယ်"ငပိဖြစ်တယ်။ ငါးတွေရောမပါဘူး။ ရခိုင်ငပိ အစစ်ဖြစ်တယ်။ ကျနော်တို့ အောင်ဗလ ကျေးရွာမှာ ငပိလုပ်စားလာတာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ”လို့ ပြောပါတယ်။ ​အောင်​ဗလကျေးရွာလေးဟာ ရခိုင်ပြည်နယ်၊ မောင်​​တောမြို့​နယ်၊ ရွှေစား​ကျေးရွာအုပ်​စုမှာ တည်​ရှိ​တဲ့ တိုင်းရင်းသားရွာ​လေးတစ်​ရွာဖြစ်​ကာ အိမ်​​ခြေ ၁၀၀ ​ကျော်​၊  လူဦး​ရေ ၅၀၀ ​ လောက် အေးအေးချမ်းချမ်း နေထိုင် ငါးပိလုပ်ငန်းကို လုပ်ကိုင်အသက်မွေးနေကြတဲ့ ရွာကလေး ဖြစ်ပါတယ်​။ ဗညား  
3 years Ago
Up