အောင်ပန်းတွင် ယာဉ် ၂ စီးတိုက်မှုကြောင့် ၁ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရ

March 14, 2019

အောင်ပန်းတွင် ယာဉ် ၂ စီးတိုက်မှုကြောင့် ၁ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် အောင်ပန်းမြို့အ၀င် ဆိုင်းဘုတ်အနီးမှာ ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားလို့ အမျိုးသမီးတဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အောင်ပန်းမြို့အဝင် ဆိုင်းဘုတ်အနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်(၇၈/၂-၃)ကြားမှာ မတ် ၁၃ ရက်နေ့ ၆ နာရီခွဲလောက်က  ကောင်းခန့် မောင်းနှင်တဲ့ ၆ ဘီးယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောက ရန်နိုင်ဦး မောင်းနှင်ပြီး အမျိုးသမီး ၁၄ ဦး လိုက်ပါလာတဲ့ယာဉ်တို့ တိုက်မိခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ယာဉ်တိုက်မှုကြောင့် မဆင့်ဆိုသူ အမျိုးသမီး ၁ ဦး ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး  ယာသ်မောင်းအပါအ၀င် အမျိုးသမီး ၉ ဦးတို့ မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့လို့ အောင်ပန်းမြို့ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ကောင်းခန့်ကို အောင်ပန်းနယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က( ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ ပေါ့လျော့မှုကြောင့် သာမန်/ပြင်းထန်နာကျင်စေမှု၊ လူသေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
3 years Ago
Up