အောက်မေ့ဖွယ် အခမ်းနားကျင်းပ (ဓာတ်ပုံ)

August 8, 2017

မုံရွာမြို့တွင် ရှစ်လေးလုံး အောက်မေ့ဖွယ် အခမ်းနားကျင်းပ (ဓာတ်ပုံ)

ရှစ်လေးလုံး အရေးတော်ပုံ ၂၉ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းနားကို ဒီနေ့မနက်က မုံရွာမြို့ရှိ ချင်းတွင်းအင်စတီကျုရုံးမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ရှစ်လေးလုံးအရေးအခင်း အောက်မေ့ဖွယ်အနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဟောပြောတာ၊ ကဗျာရွတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို မုံရွာမြို့မှ အရပ်ဘက်လူမှုအဖွဲ့စည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ မြို့ခံပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။ သတင်း၊ ဓာတ်ပုံ - ရန်နိုင်စိုး
4 years Ago
Up