တရုတ်နိုင်ငံရဲ့ ၁၉၈၉ ခုနှစ် တီအန်နန်မင် ရင်ပြင် အစုလိုက်လူသတ်မှုနဲ့ ပတ်သက်တဲ့ ကမ္ဘာ့တခုတည်းသော ပြတိုက်ကို တရားရေး အငြင်းပွားမှုတွေကြောင့် ဇူလိုင် ၁၁ ရက်နေ့က တရားဝင် ပိတ်လိုက်ပါတယ်။
ပြတိုက်ရှိရာ အဆောက်အဦရဲ့ ပိုင်ရှင်နဲ့ စီမံခန့်ခွဲရေးအဖွဲ့ကြား တရားရေး အငြင်းပွားမှု ကာလကြာရှည်ဖြစ်အပြီး ခုလို ပိတ်လိုက်တာပါ။
ပြတိုက်ကို ၂၀၁၄ ဧပြီလက ဟောင်ကောင်မှာ ဖွင့်လှစ်ခဲ့တာပါ။
တရုတ်ပြည်မကြီးမှာ ၁၉၈၉ နှိမ်နင်းမှုကို ရည်ညွှန်းတာမှန်သမျှ တားမြစ်ပိတ်ပင်ထားတာပါ။
ဒါပေမယ့် ဟောင်ကောင်မှာတော့ ပြတိုက်နဲ့ နှစ်စဉ် လူထောင်သောင်းချီ မီးထွန်းဆုတောင်းပွဲက တရားဝင် ဖြစ်ပါတယ်။
ပြတိုက်ဝန်ထမ်းကတော့ တရားရေး ရင်ဆိုင်မှုအစား ဖိအားတွေ မြင့်တက်လာလို့ ပြတိုက်ကို ပိတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။
ဒါကြောင့် ခြံဝင်းကိုရောင်းပြီး အချိန်တနှစ်အတွင်း ပြန်ဖွင့်လှစ်ဖို့ ကြိုးစားရေး ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။
ပြတိုက်ကို လုပ်ငန်းလည်ပတ်သူနဲ့ တရုတ်နိုင်ငံတွင်း ဒီမိုကရေစီလှုပ်ရှားမှု ပံ့ပိုးရေး ဟောင်ကောင် မဟာမိတ်အဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌနဲ့ ဟောင်ကောင်လွှတ်တော်အမတ် လီချောက်ယန်က တရားစွဲမှုဟာ နိုင်ငံရေးအကွက်ရွှေ့မှုဆိုတာ ယုံတယ်လို့ ပြောပါတယ်။
တရုတ်အစိုးရဟာ ပီကင်းမြို့လယ်က တီအန်နန်မင်ရင်ပြင် နှိမ်နင်းမှုအတွင်း စစ်တပ်က ပစ်ခတ်ခဲ့ပေမယ့် သေဆုံးသူ အရေအတွက်ကို ထုတ်ပြန်ကြေညာမှု ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။
မျက်မြင်သက်သေတွေနဲ့ လူ့အခွင့်အရေး အုပ်စုတွေကတော့ လူ ရာပေါင်းများစွာကနေ ထောင်ပေါင်းများစွာထိ သေဆုံးတယ်လို့ ခန့်မှန်းထားကြပါတယ်။
7 years Ago