မြိတ်မြို့ ကန်ဖျားနယ်မြေ၊ မြေနီလမ်းရှိ ထန်းလေးပင်ဘုန်းတော်ကြီးကျောင်းမှာ ၂၉ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားကို ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
အခမ်းအနားမကျင်းပမီမှာ ရှစ်လေးလုံးအရေးတော်ပုံအတွင်း မြိတ်မြို့မှာ ကျဆုံးသွားတဲ့ ကိုကိုဦးနဲ့ ညီညီလွင် မြှုပ်နှံထားတဲ့နေရာမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီချိုနဲ့ ဒီမိုကရေစီ အင်အားစုတွေက လွမ်းသူ့ပန်းခြင်းချပြီး အလေးပြုခဲ့ကြောင်း သိရပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနားသို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်တွေ၊ မြိတ်တက္ကသိုလ်များ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) ရဲဘော်ဟောင်းတွေနဲ့ ဒီမိုကရေစီအင်အားစုများ လူဦးရေ ၃၀၀ လောက် တက်ရောက်ခဲ့ပြီး အောက်မေ့ဖွယ် အမှတ်တရစကားပြောခဲ့ကြပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)
5 years Ago