ဗြိတိန် အောက်ဖိုဒ့်ရှိုင်းယား ကောင်းကင်ပေါ်မှာ ဆက်ရက်တွေ ၇ သောင်းကျော် ပျံဝဲခဲ့ပါတယ်။
ကောင်းကင်ပေါ်က ဘဲလေးလို့ ဒီဖြစ်ရပ်ကို တင်စားခေါ်ဝေါ်ခဲ့သလို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကိုလည်း ဖေဖော်ဝါရီ ၉ ရက်က အင်တာနက်ပေါ်တင်ခဲ့ပါတယ်။
တက္ကသိုလ်က ပါမောက္ခ အန်နီဂွတ်အီနပ်ကတော့ ဒီဖြစ်ရပ်ဟာ အံ့သြဖွယ်ဆန်းပြားတဲ့ ဖြစ်ရပ်လို့ ပြောပါတယ်။
ဒီရုပ်သံကို ကြည့်တဲ့လူတိုင်းက အံ့သြခဲ့သလို တောင်ပံခတ်သံဟာလည်း တခုတည်းလို ကြားရတယ်လို့ ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ ဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုလည်း တက္ကသိုလ်က စစ်တမ်းလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
5 years Ago