အေအက်ဖ်အက်ဖ်ယူ-၁၈

September 4, 2017

အေအက်ဖ်အက်ဖ်ယူ-၁၈ ချန်ပီယံရှစ် အုပ်စုအေပွဲစဉ်များ ယနေ့ ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့ အေအက်ဖ်အက်ဖ် ယူ-၁၈ ချန်ပီယံရှစ် ၂၀၁၇ ပြိုင်ပွဲ အုပ်စု အေ ပွဲစဉ်တွေကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းနဲ့ အောင်ဆန်းကွင်းတွေမှာ ဒီကနေ့ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ အေအက်ဖ်အက်ဖ် ယူ-၁၈ ချန်ပီယံရှစ် ၂၀၁၇ ပြိုင်ပွဲ အုပ်စုအေမှာ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တီမောနဲ့ လာအိုအသင်းတွေ ပါဝင်ပါတယ်။ ဒီနေ့ နေ့လယ် ၃ နာရီ အောင်ဆန်းကွင်းမှာ မလေးရှားနဲ့ လာအိုအသင်းတို့ ယှဉ်ပြိုင်မှာဖြစ်ပြီး သုဝဏ္ဏကွင်းမှာတော့ နေ့လယ် ၃ နာရီမှာ ထိုင်းနဲ့ တီမော၊ ညနေ ၆ နာရီမှာ စင်ကာပူနဲ့ ကမ္ဘောဒီးယားတို့ ယှဉ်ပြိုင်မှာပါ။ မြန်မာယူ-၁၈ အသင်းကတော့ အုပ်စုဘီမှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်အသင်းတွေနဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။ မြန်မာ ယူ-၁၈ အသင်းဟာ အင်တာမီလန် ယူ-၁၈ အသင်းနဲ့ ခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ပြီး တပွဲရှုံး၊ တပွဲသရေ ရလဒ် ရရှိထားသလို ထိုင်း ယူ-၁၈ အသင်းနဲ့ ခြေစမ်းရာမှာတော့ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။ မြန်မာ ယူ-၁၈ အသင်းဟာ ပွဲဦးထွက်ပွဲစဉ်အဖြစ် စက်တင်ဘာ ၅ ရက်နေ့မှာ အင်ဒိုနီးရှား ယူ-၁၈ အသင်းနဲ့ စတင်ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။
4 years Ago
Up