အေအက်ဖ်စီ

A d v e r t i s e m e n t With Us

January 28, 2018

အေအက်ဖ်စီ ယူ-၂၃ ချန်ပီယံရှစ် ဗိုလ်လုပွဲ ဥဇဘက်ကစ္စန်အသင်း ဗိုလ်စွဲ

အ​ကောင်းဆုံး​ခြေစွမ်း၊ စည်းလုံးညီညွတ်​မှု​အပြည့်​နဲ့ ​အေအက်​ဖ်​စီယူ ၂၃ ချန်​ပီယံရှစ်​ ပြိုင်​ပွဲ ဗိုလ်​လုပွဲကို တက်​လှမ်းနိုင်​ခဲ့တဲ့ ဗီယက်​နမ်​အသင်းဟာ စိတ်​မ​ကောင်းဖွယ်​ရာ အချိန်​ပို ၁၁၈ မိနစ်​မှာ ဥဇဘက်​ကစ္စတန်​အသင်းကို အနိုင်​ဂိုး ခွင့်ပြု​ပေးခဲ့ရလို့ ဒုတိယဆုနဲ့ပဲ ​ကျေနပ်​ခဲ့ရပါတယ်​။ ပွဲစဉ်​တလျှောက်​ အ​ကောင်းဆုံးပုံစံမှာရှိခဲ့တဲ့ အသင်းနှစ်​သင်း​ တွေ့ဆုံခဲ့တာဖြစ်​လို့ အကျိတ်​အနယ်​ရှိခဲ့​ပေမယ့် ဗီယင်​နမ်​အသင်းရဲ့ ရုန်းအား​ကြောင့်​ ​ခြေစွမ်းပိုသာတဲ့ ဥဇဘက်​ကစ္စတန်​အသင်းဟာ ပွဲချိန်​မိနစ်​ ၉၀ ထိ အနိုင်​အရှုံး​ပေါ်​အောင်​ မကစားနိုင်​ခဲ့တာ ဖြစ်​ပါတယ်​။ တရုတ်​နိုင်​ငံရဲ့ ရာသီဥတု အ​ခြေအ​နေ​ကြောင့် ကွင်းအတွင်း ဆီးနှင်း​တွေ ထူထပ်​စွာကျဆင်းခဲ့ပြီး​ နှစ်​ဖက်​အသင်းသား​တွေ မကြာခဏဆိုသလို လဲကျ​ခဲ့ပါတယ်​။ ဒါ့အပြင်​ အမြင်​မသဲကွဲတာ​ကြောင့် အဖြူ​ရောင်​ဝတ်​ဆင်​ကစားတဲ့ ဥဇဘက်​အသင်းဟာ ဂျာဆီအပြာ​ရောင်​ လဲကစားခဲ့ရပါတယ်​။ ဥဇဘက်​ကစ္စတန်​အသင်းဟာ ဦး​ဆောင်​ဂိုး စတင်​ရရှိခဲ့​ပေမယ့်​လည်း ဗီယက်​နမ်​အသင်းရဲ့ ပွဲစဉ်​တလျှောက်​ ​ခြေစွမ်းပြ​နေတဲ့ ငုရင်​ကွမ်​ဟိုင်းကပဲ ဖရီးကစ်​က​နေတ​ဆင့် ​ခြေပဂိုးသွင်းယူ​ပေးခဲ့လို့ မိနစ်​ ၉၀ ပြည့်တဲ့ အချိန်​ထိ တဖက်​တဂိုးစီနဲ့ သ​ရေကျ​နေခဲ့တာပါ။ ဒါ​ပေမယ့်​ အချိန်​ပို ၁၁၈ မိနစ်​မှာ​တော့ ဥဇဘက်​တိုက်​စစ်​မှူး ဆီဒို​ရော့ဗ်​က အဆုံးအဖြတ်​ဂိုးကို သွင်းယူခဲ့လို့ ဥဇဘက်​ယူ ၂၃ အသင်း ချန်​ပီယံဖြစ်​ခဲ့ပါတယ်​။ ဗီယက်​နမ်​အသင်းဟာ ဒုတိယနဲ့​ ပဲ​ကျေနပ်​ခဲ့ရ​ပေမယ့်​ နိုင်​ငံတွင်း ပရိသတ်​​တွေအပြင်​ ​အ​ရှေ့​တောင်​အာရှ​ဒေသတွင်း နိုင်​ငံ​တွေကပါ အား​ပေးချီးကျူးမှုကို ခံခဲ့ရပါတယ်​။
3 years Ago

September 16, 2015

အာရှချန်ပီယံလိဂ် ပွဲစဉ်များ ပရိသတ် အားပေးမှုတိုး

၂ နှစ် ၁ ကြိမ် ကျင်းပနေတဲ့ အေအက်ဖ်စီ အာရှချန်ပီယံလိဂ် ပွဲစဉ်တွေမှာ  ပရိသတ်အားပေးမှု ပိုမိုတိုးလာခဲ့တယ်လို့ အေအက်ဖ်စီ အာရှဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၃ ခုနှစ်က ကျင်းပခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်ပေါင်း ၁၂၉ ပွဲမှာ လာရောက်ကြည့်ရှုသူ ၂ သန်း ၂ သောင်းကျော် ရှိခဲ့ပြီး တပွဲကို ပျဉ်းမျှပရိသတ် ၁ သောင်းခွဲကျော် ရှိခဲ့ပါတယ်။ အခု ၂၀၁၅ ခုနှစ်အတွက် Play-off အုပ်စုပွဲစဉ်နဲ့ ရှုံးထွက်အဆင့်ပွဲစဉ် စုစုပေါင်း ၁၃၃  ပွဲမှာတောင် လာရောက်ကြည့်ရှုသူပေါင်း ၂ သန်း ၃ သောင်းကျော် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အခု ပြိုင်ပွဲမှတ်တမ်းတွေအရ ပြိုင်ပွဲတွေကို ပရိသတ်က ပိုစိတ်ဝင်စားလာတယ်လို့ အေအက်ဖ်စီ အထွေထွေအတွင်းရေးမှူး ဒါတိုဝင်ဆာဂျွန်က ပြောပါတယ်။ လာမယ့် နိုဝင်ဘာ ၇ ရက်နဲ့ ၂၁ ရက်နေ့တို့မှာ ကျင်းပမယ့် ဗိုလ်လုပွဲ နှစ်ကျော့လုံးမှာလည်း စိတ်လှုပ်ရှားစရာ ကစားပုံတွေကို မြင်တွေ့ကြရဦးမှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိ အာရှချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲတွေကို ကစားနေကြတာ ဖြစ်ပါတယ်။
5 years Ago
Up