အေရီယန်နာဂရဲန်းဒ်

January 18, 2019

နာရီပိုင်းအတွင်း ကြည့်ရှုသူ တသန်းကျော်သွားသည့် အေရီယန်နာ ဂရဲန်းဒ် သီချင်းသစ် (ရုပ်သံ)

နာမည်ကြီး အမေရိကန် ပေါ့ပ်နဲ့ အာရ်အဲန်ဘီ အဆိုတော် အေရီယန်နာဂရဲန်းဒ်ရဲ့ သီချင်းသစ် 7 Rings ဟာ ဒီကနေ့ စတင်ထွက်ရှိလာခဲ့ပြီး နာရီပိုင်းအတွင်း ယူကျုပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းကျော် ရှိနေခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ဒုတိယမြောက် ထွက်ရှိလာတဲ့ စင်ဂယ်လ်သီချင်းတပုဒ်ဖြစ်ပြီး ၅ ခုမြောက် သီချင်းအယ်လ်ဘမ် Thank U, Next ထဲမှာ ပါဝင်မယ့် သီချင်းတပုဒ် ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အဆိုတော်က 7 Rings သီချင်းဟာ မိတ်ဆွေသူငယ်ချင်းတွေ ကြားက ချစ်ခင်ရင်းနှီးမှု သီချင်းတပုဒ်ဖြစ်တယ်လို့ တွစ်တာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်ကတဆင့် ရေးသားထားခဲ့တာပါ။ ဒီသီချင်းရဲ့ နောက်ကွယ်မှာတော့ သေချာတဲ့ အကြောင်းတရပ် ရှိနေခဲ့ပြီး နယူးယောက်ကို သူ့ရဲ့ အပေါင်းအဖော်တွေနဲ့ ခရီးသွားခဲ့ချိန်က အဖြစ်အပျက်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဲဒီနေ့က သူတို့အားလုံး ရှန်ပိန်တွေ သောက်ထားခဲ့ကြပြီး နာမည်ကြီး လက်ဝတ်ရတနာဆိုင် တဆိုင်ဖြစ်တဲ့ Tiffany & Co. ဆီ ရောက်ခဲ့ချိန်မှာတော့ သူနဲ့ အပေါင်းအသင်း ၆ ယောက်အတွက် စေ့စပ်လက်စွပ် ၇ ကွင်း ဝယ်ခဲ့တဲ့အကြောင်းတွေလည်း ပါဝင်နေပါတယ်။ ခုထွက်ရှိလာတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အေရီယန်နာဂရဲန်းဒ်ကို အိမ်တွင်းပါတီတခုမှာ အပေါင်းအဖော်တွေနဲ့အတူ Sexy ကျကျ သရုပ်ဆောင်ထားခဲ့တာကို တွေ့ရမှာဖြစ်ပြီး သူ့ရဲ့ ထုံးစံအတိုင်း ပန်းရောင်ဆံပင်၊ ဆွဲဆောင်မှုရှိတဲ့ ဝတ်စားဆင်ယင်မှုတွေ၊ ပြကွင်းပြကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။
2 years Ago
Up