အေဗရာမိုဗစ်ခ်ျ

July 10, 2015

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အဗရာမိုဗစ်ကို သက်တမ်းတိုး

ဇူလိုင် ၁၀ ရက် မနက်ပိုင်းက မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အဗရာမိုဗစ်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်) က သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ ၂၀၁၅ ခုနှစ် ဇူလိုင် ၃၁ ရက်မှာ ကုန်ဆုံးမယ့် စာချုပ်ကို ၁၇ လကြာ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်တယ်လို့ အမ်အက်ဖ်အက်ဖ်ရဲ့ လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးပါတယ်။ စာချုပ်ပါအချက်တွေအရ အဗရာမိုဗစ်ဟာ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် တာဝန်ကို အဓိက ဆောင်ရွက်ရမှာဖြစ်သလို မြန်မာ ယူ-၂၃ နဲ့ ယူ-၂၂ အသင်းတွေကို နည်းစနစ်ပိုင်း အကြံပေးတာတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ၂၈ ကြိမ်မြောက် စင်ကာပူဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲမှာ ငွေတံဆိပ်ဆု ဆွတ်ခူးဖို့ စွမ်းဆောင်ပေးတဲ့ နည်းပြချုပ် ဦးကြည်လွင်ကို မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြ အဖြစ် ခန့်အပ်သွားမှာ ဖြစ်သလို ၂၀၁၅ နယူးဇီလန် ကမ္ဘာ့ ယူ-၂၀ ပြိုင်ပွဲဝင် မြန်မာ ယူ-၂၀ အသင်းရဲ့ ဂိုးနည်းပြ ဦးအောင်ကျော်ကျော်ကို မြန်မာ့လက်ရွေးစင်အသင်းရဲ့ ဂိုးနည်းပြအဖြစ် အမ်အက်ဖ်အက်ဖ်က ခန့်အပ်သွားမှာ ဖြစ်ပါတယ်။
6 years Ago

June 12, 2015

ကျနော့်ကစားသမားတချို့ ပြိုင်ဘက်ကို မလေးမစားလုပ်ခဲ့တယ် - ရာဂျိုကို အဗရာမိုဗစ်ခ်ျ (မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်)

၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် မြန်မာအသင်းနဲ့ လာအိုအသင်းတို့ ဇွန် ၁၁ ရက်နေ့က ကစားရာ ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မြန်မာနည်းပြချုပ် အဗရာမိုဗစ်ခ်ျက "ပထမပိုင်းမှာ ကျနော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် ဒုတိယပိုင်းအရောက်မှာ ကျနော့်ကစားသမားတချို့ ပြိုင်ဘက်ကို မလေးမစားလုပ်ခဲ့တယ်။ လာအို ကစားသမားတွေကတော့ တာဝန်ကျေကျေနဲ့ လုပ်စရာရှိတာကို လုပ်ခဲ့တယ်။ ဒီလို မလေးစားမှုကြောင့်ပဲ ကျနော်တို့ ပြစ်ဒဏ်ခတ်ခြင်း ခံခဲ့ရတာပါ။ ကျနော့်အသင်း ပထမပိုင်း ကစားပုံကြောင့် ကိုရီးယားနဲ့ပွဲအတွက် အကောင်းမြင်ခဲ့ပေမယ့် ဒုတိယပိုင်း ကစားပုံကတော့ လက်မခံနိုင်စရာပါ။ ဒုတိယပိုင်းမှာ ပြိုင်ဘက်ကို အခွင့်အရေး ၃ ကြိမ်လောက်ထိ ပေးခဲ့တယ်။ သရေကျခဲ့တာ ကျနော်တို့ ကံကောင်းပါတယ်။" လို့ ပြောသွားပါတယ်။
6 years Ago
Up