အေတီအမ်စက်တွင်း ငွေလာဖြည့်သည့်ကားကို ပစ်ခတ်ဓားပြတိုက်၊ လုံခြုံရေးတဦး သေဆုံး

April 3, 2017

အေတီအမ်စက်တွင်း ငွေလာဖြည့်သည့်ကားကို ပစ်ခတ်ဓားပြတိုက်၊ လုံခြုံရေးတဦး သေဆုံး (ရုပ်သံ)

တောင်အာဖရိကနိုင်ငံ၊ ကိပ်ပ်တောင်းမြို့မှာ အေတီအမ်စက်တခုတွင်း ငွေလာဖြည့်တဲ့ ဗန်ကားတစီးကို လူ ၅ ဦးက ဓားပြတိုက်ခဲ့ပြီး လုံခြုံရေးအမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ကာ ငွေတွေယူပြီး ထွက်ပြေးသွားခဲ့ပါတယ်။ သေဆုံးခဲ့သူ အသက် ၄၄ နှစ်အရွယ် လုံခြုံရေးအမျိုးသားဟာ အဖော်ဖြစ်သူနဲ့အတူ ငွေလာဖြည့်ဖို့ လာရောက်ခဲ့ချိန် အချိန်ပိုင်းလေးအတွင်းမှာ လူ ၅ ဦးက ခုလို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စီဂျီတီအဲန်သတင်းမှာ ဧပြီ ၂ ရက်နေ့က ဖော်ပြပါတယ်။ ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်မှာဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ တခြား လုံခြုံရေးအမျိုးသားတဦးကတော့ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့တာပါ။ ကိပ်ပ်တောင်း အနောက်ပိုင်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတဦးကတော့ “သံသယရှိသူ တရားခံတွေဟာ ငွေရောင် အော်ဒီကားတစီးနဲ့ ဖော်ပြမထားနိုင်တဲ့ ငွေတွေယူပြီး ထွက်ပြေးသွားခဲ့ကြပါတယ်” လို့ ပြောပါတယ်။ လက်ရှိမှာတော့ ဒီကိစ္စကို ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကလည်း လက်နက်ကိုင်အုပ်စုတစုက ကက်ပရီကွန်ဈေးဝယ်စင်တာမှာ လုံခြုံရေးဝန်ထမ်းတွေကို ဓားပြတိုက်ခဲ့တဲ့ အလားတူဖြစ်ရပ်မျိုး ဖြစ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up