အေစီမီလန် ဂိုးပြတ်အနိုင်ရပြီး ကိုပါအီတာလီယာ ဗိုလ်လုပွဲတက်

A d v e r t i s e m e n t With Us

March 2, 2016

အေစီမီလန် ဂိုးပြတ်အနိုင်ရပြီး ကိုပါအီတာလီယာ ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

အီတလီစီရီးအေကလပ် အေစီမီလန်အသင်းက တတိယတန်းကလပ် အလက်ဇန်ဒရီယာ အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး ကိုပါ အီတာလီယာ ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ မတ်လ ၁ ရက်နေ့ ယှဉ်ပြိုင်တဲ့ ပွဲစဉ် ပထမပိုင်းမှာ အေစီမီလန်အသင်းက ဂျာရာမီး မန်နက်ဇ် ၂ ဂိုး၊ ရိုမက်နောလီက ၁ ဂိုး သွင်းယူပြီး ပွဲကို ဦးဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ အလက်ဇန်ဒရီယာအသင်း ကစားသမားတဦး ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သလို ဘာလော့တယ်လီက အေစီမီလန်အတွက် ၁ ဂိုး ထပ်မံသွင်းယူခဲ့လို့ ပွဲအပြီးမှာ အေစီမီလန်က ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အေစီမီလန်အသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူ ကစားနိုင်ခဲ့သလို အလက်ဇန်ဒရီယာ အသင်းကလည်း ပရိသတ် ၁ သောင်း ၅ ထောင်လောက်ကို ဆန်ဆီရိုကွင်းကို ခေါ်ဆောင်လာခဲ့ပေမယ့် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပထမအကျော့မှာ မီလန်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူထားခဲ့လို့  ၂ ပွဲပေါင်း ရလဒ် ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ အေစီမီလန်က အင်တာမီလန် ဒါမှမဟုတ် ဂျူဗင်တပ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
5 years Ago
Up