အေဂျက်​စ်​အသင်း

April 20, 2019

အေဂျက်​စ်​အသင်းအတွက် နယ်သာလန်အက်ဖ်အေ အမှတ်ပေးပွဲစဉ် ရွှွေှ့ဆိုင်းပေး

အေဂျက်​စ်​အသင်း ချန်​ပီယံလိဂ်​ ဆီမီးဖိုင်​နယ်​မှာ ရလဒ်​​ကောင်း​စေ​ရေးအတွက်​ နယ်​သာလန်​အက်​ဖ်​​အေက အမှတ်​​ပေးပွဲစဉ်​ အချိန်​ဇယား​တွေကို ​ရွှေ့ဆိုင်း​ပေးလိုက်​တယ်​လို့ သိရပါတယ်​။ ဒါဟာ နယ်​သာလန်​​ ဘောလုံးအဖွဲ့ချုပ်​အ​နေနဲ့ ​အေဂျက်​စ်​အသင်းကို ဥ​ရောပချန်​ပီယံလိဂ်​မှာ တ​ကျော့ပြန်​​ အောင်​မြင်​မှုရရှိဖို့အတွက်​ အခုလို လုပ်​​ဆောင်​​ပေးတာလို့ သိရပါတယ်​။ အေဂျက်​စ်​အသင်းဟာ ​မေ ၁ ရက်​​မှာ ချန်​ပီယံလိဂ်​ ဆီမီးဖိုင်​နယ်​ပွဲစဉ်​အဖြစ်​ စပါးအသင်းနဲ့ ကစားရဖို့ ရှိနေပြီး​ အဲဒီပွဲမတိုင်​ခင်​ ​ဧပြီ ၂၈ ရက်​​နေ့မှာ​တော့ ဂရက်​ပ်​စ်​ချက်​ပ်​ အသင်းနဲ့ ကစားရဖို့ ရှိ​နေပါတယ်​။ စပါးအသင်းက​တော့ ၂၇ ရက်​​မှာ ဝက်​စ်​ဟမ်းအသင်းနဲ့ ကစားရဖို့ရှိ​နေ​ပေမယ့် အင်္ဂလန်​​ ဘောလုံးအဖွဲ့ချုပ်​က​တော့ ဘာမှစီစဉ်​​ပေးမှာ မဟုတ်​ဘူးလို့ သိရပါတယ်​။ အေဂျက်​စ်​အသင်းဟာ အမှတ်​​ပေးပြိုင်​ပွဲမှာလည်း အဆင့် ၂​ နေရာက ပီအက်​စ်​ဗွီအသင်းနဲ့ ရမှတ်​တူ ဂိုးကွာခြားချက်​အသာနဲ့ ဖလားရရှိဖို့ အ​ခြေအ​နေ​ကောင်း​နေသလို ဒက်​ခ်ျ​ဖလား ဖိုင်​နယ်ကိုလည်း ​ရောက်​ရှိ​နေပါတယ်​။ ​ဒီရာသီဟာ ​အေဂျက်​စ်​အသင်း ၅ နှစ်​ကြာ ဖလားလက်​မဲ့ဖြစ်​ခဲ့တာကို အဆုံးသတ်​နိုင်​မယ့် အ​ကောင်းဆုံး အခွင့်​အ​ရေး ဖြစ်​တဲ့အပြင်​ ချန်​ပီယံလိဂ်​မှာ ​အောင်​မြင်​တာဟာ အသင်းအတွက်​ သာမကပဲ နယ်​သာလန်​​ ဘောလုံး​လောကအတွက်​လည်း အကျိုးရှိလို့ အခုလို စီစဉ်​​ပေးခဲ့တာလို့ သိရပါတယ်​။
3 years Ago
Up