အေဂျက်နောက်ခံလူ

May 28, 2019

မည်သည့်အသင်းသို့ ပြောင်းရွှေ့မည်ကို မသိသေးဟု အေဂျက်နောက်ခံလူ ဒီလစ် ပြော

လာမယ့်ဘောလုံးရာသီမှာ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာ မိမိကိုယ်တိုင်တောင် မသိသးဘူးလို့ အေဂျက် နောက်ခံလူ ဒီလစ်က ပြောကြားလိုက်ပါတယ်။ ဟော်လန်လက်ရွေးစင် ဒီလစ်ဟာ အေဂျက်အသင်းမှာ ခြေစွမ်းပြသနိုင်တာကြောင့် ထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေပြီး မန်ယူ၊ ဘာစီလိုနာအသင်းတွေက ကမ်းလှမ်းမှုတွေ ရှိတယ်လို့ သတင်းထွက်နေတာပါ။ ဒါပေမယ့် ဒီလစ်ကိုယ်တိုင်ကတော့ ဘယ်အသင်းကို ပြောင်းရွှေ့ဖြစ်မလဲဆိုတာ သူကိုယ်တိုင်တောင် မသိသေးကြောင်း ပြောကြားသွားပါတယ်။ ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲဖြစ်သလို စပိန်လာလီဂါကလည်း အလားတူ ဖြစ်ပြီး တခြားလိဂ်ပြိုင်ပွဲတွေကိုလည်း မေ့ထားလို့မရကြောင်း ဒီလစ်က ဆိုပါတယ်။ အသက် ၁၉ နှစ်ပဲရှိသေးတဲ့ အေဂျက်အသင်းခေါင်းဆောင် ဒီလစ်ဟာ အနာဂတ်မှာ ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး ယူရိုသန်း ၁၀၀ လောက် တန်ကြေးရှိတယ်လို့ ဆိုပါတယ်။
3 years Ago
Up